www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 13, 2013

အရေးယူ ပိတ်ဆို့မှုများ ပိုမိုတင်းကျပ် လာပါက ပိုမိုပြင်းထန်သော စမ်းသပ်မှုများ ပြုလုပ်သွားမည်ဟု မြောက်ကိုရီးယားနိုင်ငံက ပြောကြားခဲ့



၁၃-၂-၂၀၁၃

မြောက်ကိုရီးယား နိုင်ငံက ၄င်း၏ နျူကလီးယား စမ်းသပ်မှုသည် ပထမ အဆင့်မျှသာ ဖြစ်ကြောင်း နှင့် ပိုမို တင်းကျပ်သော အရေးယူ ပိတ်ဆို့မှုများ လုပ်ဆောင် လာမည် ဆိုပါက ပိုမို ပြင်းထန် ထိရောက်သော စမ်းသပ်မှု များအား ထပ်မံ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ခြိမ်းခြောက် သတိပေး ပြောကြား ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၂ ရက်ေ့ NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

ယခု နျူကလီးယား စမ်းသပ်မှုသည် ပထမ အဆင့်မျှသာ ဖြစ်ကြောင်း ၊ တတ်နိုင်သမျှ ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ၊ အကယ်၍ အမေရိကန် နိုင်ငံ အနေဖြင့် ရန်လိုသည့် သဘောထားဖြင့် အခြေအနေ ကို ပိုမိုရှုပ်ထွေးအောင် လုပ်ဆောင် လာမည် ဆိုပါက ဒုတိယ အကြိမ်  သို့မဟုတ် တတိယ အကြိမ် နျူကလီးယား စမ်းသပ်မှုများ ထပ်မံ လုပ်ဆောင်ရုံမှ တစ်ပါး အခြား ရွေးချယ်ရန် နည်းလမ်း မရှိတော့ ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်။

လာမည့် ရက်သတ္တပတ် အတွင်း နောက်ထပ် နျူကလီးယား စမ်းသပ်မှု သို့မဟုတ် ပဲ့ထိန်း ဒုံးပျံ စမ်းသပ်မှု များအား မြောက်ကိုရီးယား အနေဖြင့် ဆက်လက် လုပ်ဆောင် နိုင်ဖွယ် ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲမှ သတိပေး ပြောကြား ခဲ့ပြီးနောက် နာရီ အနည်းငယ် အကြာတွင် မြောက်ကိုရီးယား ၏ အဆိုပါ ကြေညာချက်  ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြုလုပ်သော နျူကလီးယား စမ်းသပ်မှုသည် အမေရိကန် နိုင်ငံအား အဓိက ပစ်မှတ်ထား လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ၊ အမေရိကန် နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရေး ဦးဆောင် လုပ်ဆောင် ခဲ့ခြင်းနှင့် ၄င်းတို့၏ နျူကလီးယား အစီအစဉ် များနှင့် ပတ်သက်၍ ကမ္ဘာ တစ်ဝန်းမှ ပြစ်တင် ဝေဖန်မှုများ ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးသည့် အတွက် ထိုကဲ့သို့ ပစ်မှတ်ထား လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံက ပြောကြား ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှု အပေါ် နိုင်ငံတကာ မှ တုံ့ပြန် လုပ်ဆောင် သွားရေးအတွက် ဆွေးနွေး မှုများ ပြုလုပ်ရန် ဖေဖော်ဝါရီ ၁၂ ရက်နေ့ နှောင်းပိုင်းက အရေးပေါ် အစည်းအဝေး တစ်ရပ် ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger