www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 22, 2013

မော်ကျွန်း " ပုသိမ်သူ " ဆိပ်ခံဘော ခရီးသွား ပြည်သူများအတွက် အန္တရာယ်ရှိနေ


မော်ကျွန်း ၊ ၂၂-၁-၂၀၁၃

လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ ချောမွေ့ စေရေးအတွက် မော်လမြိုင်ကျွန်း - ရန်ကုန် " ပုသိမ်သူ " ရေယာဉ်များ လာရောက် ပြေးဆွဲ ခုတ်မောင်း ပေးနေသဖြင့် ခရီးသွား ပြည်သူများ စိတ်ချမ်းမြေ့စွာဖြင့် လိုရာခရီး နှင်နိုင်ကြပါသည်။ " ပုသိမ်သူ " ရေယာဉ်များသည် မော်လမြိုင်ကျွန်း မြို့မှ ရေယာဉ်ထွက်ချိန် မှန်ကန်စွာ နေ့စဉ် ညနေ ၆ နာရီတိတိတွင် ပုံမှန် ထွက်ရှိပေး နေသဖြင့် ခရီးသည် အလိုက်များပါသည်။ ထို့ပြင် ရန်ကုန်သို့ ဆိုက်ကပ်ချိန် မှာလည်း နေ့စဉ် နံနက် ၄ နာရီမှ ၅ နာရီအတွင်း ရောက်ရှိ သဖြင့် လိုရာခရီး များသို့ ခရီးသွား ပြည်သူများ ခရီးဆက်နိုင် ကြပါသည်။

" ပုသိမ်သူ " ရေယာဉ်များကို မော်လမြိုင်ကျွန်း မြို့မှ ခရီးသွား ပြည်သူများ သာမက လမ်းခရီး တစ်လျှောက်ရှိ မြို့များမှ ခရီးသွား ပြည်သူများပါ လိုက်ပါ စီးနင်းကြရ သဖြင့် ခရီးသွားလာမှု အဆင်ပြေ လွယ်ကူ ကြပါသည်။ သို့ပါသော်လည်း မော်လမြိုင်ကျွန်းမြို့ ဘုရင့်နောင် ၁၅ လမ်းရှိ " ပုသိမ်သူ " ရေယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ခံဘော မှာ ခရီးသွား ပြည်သူများ အတွက် အထူးအန္တရာယ် ရှိပေါသည်။ ဆိပ်ခံဘော အလျားမှာ ပေ ၂၀ သာ ရှိသဖြင့် သေးငယ်လှ ပါသည်။ " ပုသိမ်သူ " ရေယာဉ်ကြီးများ ဆိုက်ကပ် သည့်အခါ ဆိပ်ခံဘောမှာ သေးငယ်သဖြင့် တုန်ခါ လှုပ်ရမ်း နေပါသည်။ သင်္ဘောပေါ်မှ ဆိပ်ခံဘော ပေါ်သို့ ထိုးသော ကုန်းဘောင်မှာလည်း သေးငယ်သော သစ်သားပြား ကလေး ၂ ပြားသာ ဖြစ်ပြီး နိမ့်လျှော ဖြစ်ပါသည်။

ခရီးသွား ပြည်သူများ " ပုသိမ်သူ " ရေယာဉ်ပေါ်သို့ အတက်အဆင်း တွင် ယိမ်းနွဲ့လှုပ်ရှားခြင်း ၊ တုန်ခါခြင်း ၊ အနိမ့်အမြင့် လှုပ်ရှားခြင်း တို့ကြောင့် ခရီးသည်များမှာ " ပုသိမ်သူ " ရေယာဉ်ဆိပ်သို့ အဆင်းတွင် အထူး ဂရုစိုက်ပြီး ခရီးသည် အချင်းချင်း ဖေးမ၀ိုင်းကူကာ အချင်းချင်း တွဲပြီး ရေယာဉ် ပေါ်သို့ တက်ကြရပါသည်။

ရေကြောင်း ခရီး အသွားအလာ များသော မော်လမြိုင် ကျွန်းမြို့နယ်မှ ပြည်သူများမှာ " ပုသိမ်သူ " ရေယာဉ်များဖြင့်သာ အားထားပြီး ခရီးသွားလာ ကြရပါသည်။ " ပုသိမ်သူ " ဆိပ်ခံဘောသို့ အဆင်းတွင် ရင်မပြီး ဆင်းကြရပါသည်။ " ပုသိမ်သူ " ရေယာဉ်ပေါ် ရောက်မှ စိတ်ကို ဒုန်းဒုန်းချ မိကြပါသည်။ နေ့စဉ် ခရီးသွား ပြည်သူများ ကြုံတွေ့ နေရသည့် စိတ်ဒုက္ခ ဖြစ်ပါသည်။ အဆိုပါ " ပုသိမ်သူ " ဆိပ်ခံဘော် ယိမ်းထိုး တုန်ခါမှုကြောင့် ဇန်န၀ါရီ ၁၄ ရက်က ရေနစ် သေဆုံးသူ တစ်ဦး နှင့် ယခင်ရက်များ က ဘောပေါ်မှ ရေထဲသို့ ကျသူများ ရှိသော်လည်း သေကံ မရောက် သက်မပျောက်ခဲ့ကြဟု သိရပါသည်။

သို့ဖြစ်ပါ၍ ခရီးသွား ပြည်သူများ နေ့စဉ် စိတ်ဒုက္ခ ရောက်ရှိနေ ရသော အန္တရာယ်ရှိသည့် " ပုသိမ်သူ " ဆိပ်ခံဘောအား ခိုင်မာ တောင့်တင်းပြီး လှုပ်ရမ်းမှု မရှိနိုင်သော ဆိပ်ခံဘောကြီး တစ်ခုဖြင့် အစားထိုး လဲလှယ် ပေးနိုင်ပါရန် ခရီးသွား ပြည်သူများက လိုလားနေပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

(မြင့်အောင်- မော်ကျွန်း)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger