ရန်ကုန် ၊ ၂၂-၁-၂၀၁၃
Maritime Training Centre (PGI) သည်
ရန်ကုန်မြို့ ၊ ဒေါပုံမြို့နယ် တွင် တည်ရှိပြီး နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောကြီး များတွင်
ကျွမ်းကျင်စွာ တာဝန် ထမ်းဆောင် နိုင်ရန်အတွက် ပင်လယ်ရေကြောင်း ကုန်းပတ် အရာရှိများကို
ပို့ဆောင်ရေး ၀န်ကြီးဌာန၏ ခွင့်ပြုချက် ၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၏
အနီးကပ် ကြီးကြပ်မှု ဖြင့် သင်တန်းများကို ဖွင့်လှစ် သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ Training Centre တွင် လက်ရှိ
ဖွင့်လှစ်နေသော သင်တန်းများမှာ-
- Deck Offcier Class III (OOW) Course,
- Deck Officer Class I & II Combined (Master & Chief Mate) Course,
- Medical First Aid Course,
- Advanced Medical Care Course, နှင့်
- Ship Security Officer Course
များဖြစ်ပြီး အခြားဖွင့်လှစ်မည့် သင်တန်းများမှာ-
- Deck Officer Class I (Master) Oral Course နှင့်
- Deck Officer Class V ( Chief Mate, N.V.C )
များ ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment