www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 13, 2013

သဲအင်းဂူ ခုနစ်ရက် အဓိဋ္ဌာန် တရားစခန်းပွဲ ကျင်းပမည်

သဲအင်းဂူ ခုနစ်ရက် အဓိဋ္ဌာန် တရားစခန်းပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၃)ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်း ဘုရားဝင်း အတွင်း သဲအင်းဂူ ဓမ္မဗိမာန်တော်ကြီး၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်မှ ၂၇ ရက်နေ့အထိ ၇ ရက် အဓိဋ္ဌာန် တရားစခန်းပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ တရားစခန်းပွဲကို မူလသဲအင်းဂူ ဆရာတော်ကြီး၏ ကမ္မဋ္ဌာန်းမူနှင့် အညီ ကျင်းပ သွားမည် ဖြစ်ပြီး ကမ္မဋ္ဌာနစရိယ ဆရာတော် ဦးဇ၀နတက္ခ (မုံရွာ) အရှင်သူမြတ်က သမထ ၀ိပဿနာ တရားတော် များကို ချီးမြှင့် ဟောကြား ပြသမည် ဖြစ်ရာ တရားစခန်း ၀င်လိုသူများ သည် ဇန်န၀ါရီလ ၁၉ ရက် (စနေနေ့) ညနေ ၅ နာရီ အရောက် မှတ်ပုံတင် ကတ်ပြားဖြင့် စာရင်း သွင်းရန် နှိုးဆော် ထားကြောင်း သိရှိရသည်။ နေ့ဆွမ်း၊ အာရုဏ်ဆွမ်း၊ ဆွမ်းစားဆောင် ပြုပြင်ရန်အတွက် ကုသိုလ်ယူ လှူဒါန်းလိုပါက ဖုန်း ၀၉၈၆၂၃၉၉၇ သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger