www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 10, 2012

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အသင်းသားစုံညီ အထူးအစည်းအဝေး ကျင်းပမည်

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အသင်းသားစုံညီ အထူးအစည်းအဝေး ကျင်းပမည် ဒီဇင်ဘာ(၁၀)ရက်နေ့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ အသင်းသား စုံညီ အထူး အစည်းအဝေး ကို ဒီဇင်ဘာ ၁၅ ရက် (စနေနေ့) နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ တက္ကသိုလ်များ (လှိုင်နယ်မြေ) ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေး တွင် အသင်း၏ ပညာရပ်ဆိုင်ရာ တိုးတက်ရေး လုပ်ငန်းများ ပိုမို တိုးမြှင့် ဆောင်ရွက် နိုင်ရန်နှင့် လက်ရှိ အခြေအနေ နှင့် လိုက်လျော ညီထွေ ဖြစ်စေမည့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ သင်းဖွဲ့ မှတ်တမ်းနှင့် သင်းဖွဲ့ စည်းမျဉ်းများကို ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဖြစ်၍ အသင်းသား များ အားလုံး မပျက် မကွက် တက်ရောက် ကြရန် ဖိတ်ကြား ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger