www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 5, 2012

အဆင့်မြင့်ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်ကြီး မြိတ်မြို့၌ကျင်းပ

အဆင့်မြင့်ကုန်စည်ပြပွဲနှင့် အထူးဈေးရောင်းပွဲတော်ကြီး မြိတ်မြို့၌ကျင်းပ ဒီဇင်ဘာ(၅)ရက်နေ့ marguerite ကုမ္ပဏီလီမိတက်မှ ကြီးမှူး၍ ၂၀၁၂ ခုနှစ် အဆင့်မြင့်ကုန်စည်းပြပွဲ ဈေးရောင်းပွဲတော်ကြီး ကို မြိတ်မြို့၊ ကန်ဖျား ရပ်ကွက်၊ ဘုရား ငါးဆူကွင်း တွင် ၄-၁၂-၂၀၁၂ ရက်နေ့မှ ၈-၁၂-၂၀၁၂ ရက်နေ့ အထိ ၅ ရက်တိုင်တိုင် အထူး စည်ကား သိုက်မြို့စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဈေးရောင်း ပွဲတော်ကြီး တွင် ရန်ကုန်၊ မန္တလေးနှင့် မော်လမြိုင် မြို့ကြီး များမှ ကုမ္ပဏီ ကြီးများ၊ ပင်ရင်း အရောင်း ဆိုင်များ မှ ကုန်ပစ္စည်းများကို တိုက်ရိုက် လာရောက် ရောင်းချ ပေးမည် ဖြစ်သည်။ အဆိုပါ ဈေးရောင်း ပွဲတော်ကြီးတွင် LOGO-A မော်ဒယ်အဖွဲ့မှ မော်ဒယ်လ်လေးများ၏ Model Show, Dancer Show ၊ တေးသရုပ်ဖော် အစီအစဉ်၊ India Danceing Show မိုက်ကယ်ဂျက်ဆင်ကကွက်များ၊ Under Ground Dancer ကကွက်များနှင့် အခြားကောင်း နိုးဖွယ်ရာ ကကွက် ဆန်းများကို နေ့စဉ် ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ အခမဲ့ ဖျော်ဖြေ မည်ဖြစ် သည်။ ရောင်းချ မည့် ပစ္စည်းများမှာ လျှပ်စစ် ပစ္စည်း အမျိုးမျိုး၊ အလှကုန် ပစ္စည်း အမျိုးမျိုး၊ အိမ်သုံး စတီး ပစ္စည်း အမျိုးမျိုး၊ အမျိုးသား ၀တ်၊ အမျိုးသမီး ၀တ်၊ ကလေး ၀တ် အ၀တ် အထည် ဒီဇိုင်း မျိုးစုံ၊ ဂျင်းဘောင်းဘီ၊ ဂျင်းအင်္ကျီ ၊ တီးရှပ်၊ ရှမ်းအင်္ကျီ အမျိုးမျိုး၊ နိုင်ငံခြားဖြစ် ဖိနပ် အမျိုးမျိုး၊ ဖန်ထည်၊ ကြွေထည် ပစ္စည်း များ၊ အိပ်ယာ အခမ်း အနားသုံး ပစ္စည်း များကို ဈေးနှုန်း ချိုသာစွာ လက်လီ လက်ကား ရောင်းချ ပေးသွား မည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger