www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 6, 2012

ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမည်

ရှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပမည် ဒီဇင်ဘာ(၆)ရက်နေ့ ရှမ်းသက္ကရာဇ် ၂၁၀၇ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျိုင်းတုံမြို့၊ ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီနှင့် ရန်ကုန်မြို့ ရှမ်းစာပေ ယဉ်ကျေးမှု ကော်မတီ တို့ ပူးပေါင်း ၍ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ နှစ်သစ်ကူး ပွဲတော် ကျင်းပစဉ် ကာလ အတွင်း ဒေသ အသီးသီးမှ ပညာရှင် များ၏ ရှမ်းစာပေ နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း စဉ်လာ အကြောင်း စာတမ်းဖတ်ပွဲ၊ ဘွဲ့တံဆိပ် တော်ရ ဆရာတော်ကြီး များအား ဂုဏ်ပြု ပူဇော်ပွဲ၊ သက်ကြီး ပူဇော်ပွဲ၊ ရှမ်းရိုးရာ အကများဖြင့် ဖျော်ဖြေခြင်းများ ထည့်သွင်း ကျင်းပမည်ဟု သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger