www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 16, 2012

(၂၁)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး အတွင်း နျူကလီးယား လက်နက် ကင်းစင်ရေးဇုန် သတ်မှတ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးမည် မဟုတ်




၁၆-၁၁-၂၀၁၂

ကမ္ဘောဒီးယား နိုင်ငံတွင် နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည့် အာဆီယံ ထိပ်သီး အစည်းအဝေး အတွင်း အရှေ့တောင် အာရှဒေသ နျူကလီးယား လက်နက် ကင်းစင်ရေးဇုန် ( Southeast Asia Nuclear Weapon- Free Zone _ SEANWFZ ) သတ်မှတ်ရေး စာချုပ်နှင့် ပတ်သက်သော အကြို သဘောတူ ညီချက်ကို အာဆီယံ နိုင်ငံများ နှင့် နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် အမေရိကန် ၊ ရုရှား ၊ ဗြိတိန် ၊ ပြင်သစ် နှင့် တရုတ်နိုင်ငံ ( P5 ) တို့အကြား လက်မှတ် ရေးထိုင်း နိုင်မည် မဟုတ်ကြောင်း ကမ္ဘောဒီးယား ဒုတိယ ၀န်ကြီးချုပ် နှင့် နိုင်ငံခြားရေး ၀န်ကြီး ဟော်နန်ဟောင် က နိုဝင်ဘာ ၁၅ ရက်နေ့ တွင် ပြောကြားခဲ့သည်။

 
အဆိုပါ သဘောတူညီချက်အား လက်မှတ် ရေးထိုးရန် နီးကပ် လာနေစဉ် မှာပင် ရုရှား ၊ ပြင်သစ် နှင့် ဗြိတိန် နိုင်ငံတို့သည် SEANWFZ သဘောတူညီ ချက်တွင် ပါရှိသည့် အပိုဒ် ၁၇ ကို ကန့်ကွက်ကြောင်း အသီးသီး ထုတ်ဖော် ပြောကြား ခဲ့သည့်အတွက် ထပ်မံ စေ့စပ်ညှိနှိုင်း မှုများ ပြလုပ်ရန် လက်မှတ် ရေးထိုး မှုကို ရွှေ့ဆိုင်း ခဲ့ခြင်း ဖြစ်ကြောင်း ဟော်နန်ဟောင် က ပြောကြား ခဲ့သည်။

ပြင်သစ်နိုင်ငံ အနေဖြင့် အဆိုပါ အပိုဒ် ၁၇ တွင် ပါရှိသည့် ကိုယ်ပိုင် ကာကွယ်ခွင့် ၊ ဗြိတိန် နိုင်ငံက ခြိမ်းခြောက်မှု အသစ်နှင့် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှု ၊ ရုရှား နိုင်ငံက နျူကလီးယား ကင်းစင်သော ဇုန်အတွင်းသို့ ပြည်ပ စစ်သင်္ဘောများ နှင့် လေယာဉ်များ ဖြတ်သန်း ၀င်ရောက်ခွင့် တို့နှင့် ပတ်သက်သော အချက်များကို ကန့်ကွက်သည်ဟု အသီးသီး ထုတ်ဖော် ပြောကြား ခဲ့ကြောင်း ကမ္ဘောဒီးယား လက်ထောက် အတွင်းဝန် Kao Kim Hourm က ဇူလိုင်လ အတွင်းက ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တွင် ပြောကြားခဲ့သည်။

အာဆီယံ ခေါင်းဆောင် များသည် SEANWFZ စာချုပ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၉၉၅ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ လက်မှတ် ရေးထိုးခဲ့ကြောင်း နှင့် အာဆီယံ နှင့် P5 တို့အကြား စေ့စပ် ညှိနှိုင်းမှု များကို ၂၀၀၁ ခုနှစ် ၊ မေလမှ စတင်၍ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger