www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 8, 2012

မြန်မာ - ဖင်လန် စီးပွားရေး ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမည်




ရန်ကုန် ၊ ၈-၁၀-၂၀၁၂

ဖင်လန်နိုင်ငံ ၊ Ministry for Foreign Affairs of Finland မှ Under Secretary of State, Mr. Esko Hamilo ဦးဆောင်သော ဖင်လန် စီးပွားရေး လုပ်ငန်းရှင် ၃၀ ဦး ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက် မှ ၁၀ ရက်နေ့အထိ စီးပွားရေး လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံသို့ လာရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ်အတွင်း သတင်းအချက် အလက် နည်းပညာဆိုင်ရာ လုပ်ငန်း ၊ မီဒီယာ နှင့် အသံလွှင့် လုပ်ငန်း ၊ စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်း ၊ ပျော့ဖတ် နှင့် စက္ကူလုပ်ငန်း ၊ ဘဏ်လုပ်ငန်း ၊ အင်ဂျင်နီယာ ပိုင်းဆိုင်ရာ အကြံပေး လုပ်ငန်း ၊ အကြီးစား စက်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်း ၊ သစ်တောထွက် ပစ္စည်း လုပ်ငန်း ၊ သတ္ထုတွင်းထွက် လုပ်ငန်း ၊ ဆောက်လုပ်ရေး လုပ်ငန်း ၊ ပညာရေး လုပ်ငန်း စသည့် စီးပွားရေး လုပ်ငန်း အမျိုးမျိုးကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရန် နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံရေး အခွင့်အလမ်း များကို လေ့လာ သိရှိနိုင်ရန် အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာလ ၉ ရက်နေ့ နေ့လည် ၂ နာရီတွင် ကုန်သည် ၊ စက်မှု အသင်းချုပ် ပထမထပ်ရှီ မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger