www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 8, 2012

(၉၂)ကြိမ်မြောက် မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနား ကျင်းပမည်



ရန်ကုန် ၊ ၈-၁၀-၂၀၁၂

(၉၂)ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ၀င်္ကပါလမ်းရှိ မြန်မာ့ရုပ်ရှင် အစည်း အရုံး တွင် အောက်တိုဘာလ ၁၃ ရက်၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။


မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့ ပြသခဲ့သော "မေတ္တာနဲ့ သူရာ" ဇာတ်ကား ရုံတင်စဉ် ပြည်သူများ တခဲနက် အားပေး ကြည့်ရှုသည့် နေ့ကို အစွဲပြု ၍ နှစ်စဉ် အောက်တိုဘာလ ၁၃ ရက်နေ့ကို " မြန်မာ့ရုပ်ရှင်နေ့ " အဖြစ် သတ်မှတ်ခဲ့ကြောင်း ၊ မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားတွင် မြန်မာ့ ရုပ်ရှင် အစည်းအရုံးမှ ဦးဆောင်ကာ သက်ကြီးရုပ်ရှင် ပညာရှင် ကြီးများကို ပူဇော် ကန်တော့ ကြမည့်အပြင် မြန်မာ့ရုပ်ရှင် လောကမှ ထူးချွန် ထင်ရှားသူ အသိပညာရှင် ၊ အတတ်ပညာရှင် များကိုပါ ဂုဏ်ပြု အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားတွင် အသံတိတ် " မြဂနိုင် " ရုပ်ရှင် ဇာတ်ကား ကို ပြသ မည် ဖြစ်ရာ နောက်ခံစကားပြောကို ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် ၊ အကယ်ဒမီ အောင်ခိုင် တို့က ကူညီ ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger