www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label သတင်းထုတ်ပြန်ချက်. Show all posts
Showing posts with label သတင်းထုတ်ပြန်ချက်. Show all posts

Friday, October 12, 2018

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန်ကြေညာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် 
-
ကြေညာချက်အမှတ်(၁၅၃/၂ဝ၁၈) 
-
၁၃၈ဝ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ (၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်  မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန်ကြေညာခြင်း 
-
၁။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် 
မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆ဝ (၃.၉.၂ဝ၁၈ ရက် နေ့ (၃.၉.၂ဝ၁၈ ရက်နေ့ နံနက် ဝ၆းဝဝ နာရီမှ ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီ နံနက် ဝ၆းဝဝ နာရီမှ ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီ
အထိ ) အထိ) ဆောင်ရွက်ကြပါရန် ၂၄.၈.၂ဝ၁၈ ရက်စွဲပါ ကြေညာချက် အမှတ် (၁၂၁/၂ဝ၁၈)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
-
၂။ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေး နှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးအား လွတ်လပ်စွာဆန္ဒပြုနိုင်ရန်အလို့ငှာ ၁.၁၁. ၁.၁၁.
၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်မှ ၃.၁၁.၂ဝ၁၈ ရက်နေ့  ၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်မှ ၃.၁၁.၂ဝ၁၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးသည်အထိ  ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေး
ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရမည်ဖြစ်ပါသည်။
-
၃။  မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများကို မဲဆွယ်စည်းရုံး ခွင့်ပြုထားသည့်နောက်ဆုံးရက် ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်ပါသည်။ 
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများဖြုတ် သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် 
မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့်ညှိနှိုင်း၍ ကြော်ငြာ/ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ဖြစ်သည်။ ယင်းသို့ကြော်ငြာ/ ပိုစတာဖြုတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျ
သင့်ငွေအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည် ပေးချေရန်တာဝန်ရှိမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
-
ဥက္ကဋ္ဌ ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
#မြ၀တီနေ့စဉ်သတင်းစာ

Friday, March 31, 2017

UNFC အဖွဲ့ဝင် (၅)ဖွဲ့ NCA ကို လက်မှတ်ရေးထိုးတော့မည်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

( ၁၃၇၈ ခုနှစ် ၊ တန်ခူးလဆန်း ၃ ရက် )
( ၂၀၁၇ ခုနှစ် ၊ မတ်လ ၃၀ ရက် )

၁။ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အထူးအလေးထား ဆောင်ရွက်လျက် ရှိပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များနှင့် အပြန်အလှန် နားလည်မှု ၊ နှစ်ဖက် ယုံကြည်မှုများ တည်ဆောက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ပါဝင်တက်ရောက် နိုင်ရေးအတွက် စဉ်တိုက်ဆက်တိုက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ၏ သဘောသဘာဝ အတိုင်း အနိမ့်၊ အမြင့်၊ အတက်၊ အကျများစွာဖြင့် ပြီးခဲ့သည့် တစ်နှစ်တာ ကာလကို ကျော်ဖြတ် လာခဲ့ရပါသည်။

၂။ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု များ၏ အဓိကအချက်မှာ ယုံကြည်မှုဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုသာမက မိမိကိုယ်ကို ယုံကြည်မှု သည်လည်း အထူးပင် အရေးကြီးလှပါသည်။ တစ်နှစ်တာ ကြိုးပမ်း ဆွေးနွေးညှိနှိုင်းမှု များ၏ ရလဒ်အဖြစ် ယနေ့ညနေပိုင်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်ငါးဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU )နှင့် ''ဝ''အမျိုးသားအဖွဲ့ချုပ် (WNO) တို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး တော့မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြား လာခဲ့ပါသည်။

၃။ ခေတ်အဆက်ဆက် တိုင်းရင်းသား ပြည်သူများ မျှော်လင့်တောင့်တ ခဲ့ကြသော အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက် ရောင်နီများ ပိုမိုလင်းလက် တောက်ပလာခဲ့ပြီ ဖြစ်ပါသည်။ ဤသို့ အရေးကြီးလှသည့် အချိန်အခါတွင် မလိုလားအပ်သော အဖျက်အမှောင့်များ၊ ငြိမ်းချမ်းရေး ပျက်ပြားစေရန် ရည်ရွယ်သော သွေးထိုးလှုံ့ဆော်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ညီနောင် တိုင်းရင်းသား ခေါင်းဆောင်များ၊ တိုင်းရင်းသား ပြည်သူများအနေဖြင့် အထူးဂရုပြုကြ ပါရန် တိုက်တွန်းနှိုးဆော်လျက် သတင်းထုတ်ပြန် အပ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 9, 2017

မြန်မာအစိုးရသည် နိုင်ငံတစ်ဝန်းအမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိက၀တ်များကို အခိုင်အမာ ထိန်းသိမ်းသွားမည်


မြန်မာအစိုးရသည် နိုင်ငံတစ်ဝန်းအမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဆိုင်ရာ 
ကတိက၀တ်များကို အခိုင်အမာ ထိန်းသိမ်းသွားမည်
နေပြည်တော် ၊ ၉-၂-၂၀၁၇

ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံး kH;(Office of the High Commissioner for Human Rights-OHCHR) မှ ကိုယ်စားလှယ် အဖွဲ့အား ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ဇန်န၀ါရီ ၈ ရက်မှ ၂၃ ရက်အထိ စေလွှတ်ခဲ့သည့် အစီရင်ခံစာ အပေါ် အခြေခံ၍ OHCHR ဘက်မှ Interviews with Rohingyas fleeing from Myanmar since 9 October 2016 ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှင့် ပတ်သက်၍ နိုင်ငံခြားရေး ၀န်ကြီးဌာန က ယမန်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

သတင်းထုတ်ပြန်ချက်

  • ၁။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (Office of the High Commissioner for Human Rights) သည် ''Interviews with Rohingyas fleeing from Myanmar since 9 October 2016" ခေါင်းစဉ်ပါ အစီရင်ခံစာ တစ်စောင်ကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ အစီရင်ခံစာတွင် ပါရှိသည့် စွပ်စွဲချက်များသည် လွန်စွာစိုးရိမ်ဖွယ်ရာ သဘောသဘာဝ ရှိသည်ဟု မြန်မာနိုင်ငံအစိုးရက ထင်မြင်ယူဆပြီး၊ ယင်းအစီရင်ခံစာ နှင့်စပ်လျဉ်း၍ များစွာ စိုးရိမ်မကင်းဖြစ် မိသည်။ သို့ပါ၍ နိုင်ငံတော် အစိုးရသည် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်မှတစ်ဆင့် ယင်းစွပ်စွဲချက်များကို စုံစမ်းစစ်ဆေးလျက် ရှိပါသည်။ ယင်းသို့ ကျူးလွန်ခဲ့သည့် အထောက်အထား အခိုင်အမာရှိပါက အစိုးရအနေဖြင့် လိုအပ်သော အရေးယူမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး မစ္စတာ ဇိုင်ယာ့ဒ်အယ်လ်ဟူစိန် နှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် တယ်လီဖုန်း ပြောကြားစဉ် ရှင်းလင်းစွာပြောကြား ခဲ့ပြီးဖြစ်ပါသည်။
  • ၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် ရခိုင်ပြည်နယ် အခြေအနေကို ဖြေရှင်းဆောင်ရွက်ရန် အထူးအလေးထားကာ ရေရှည်တည်တံ့သည့် အဖြေတစ်ခု ရရှိရေးကို ကြိုးပမ်းလျက် ရှိပါသည်။
  • ၃။ အစိုးရသည် ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်နိုင်ရန် ရည်ရွယ်လျက် ဘက်ပေါင်းစုံ ချဉ်းကပ်မှုဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် အတွက် ရေတိုရေရှည် အစီအမံများ ချမှတ်ထားရှိ ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင် အထည်ဖော်ရေး ဗဟိုကော်မတီကို ၂ဝ၁၆ ခုနှစ်၊ မေလ ၃ဝ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ဗဟို ကော်မတီ၏ လုပ်ငန်းရပ်များ အဆင်ပြေ ချောမွေ့စေရန် အတွက် လုပ်ငန်းကော်မတီ (၄)ရပ်ကို ဖွဲ့စည်းခဲ့ ပါသည်။
  • ၄။ မြန်မာနိုင်ငံ အစိုးရသည် ရခိုင်ပြည်နယ်နှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖြေရှင်းနိုင်ရန် အစိုးရ၏ ကြိုးပမ်းအားထုတ် နေမှုများကို အထောက်အကူ ပြုနိုင်ရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ဒေါက်တာ ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့ ပါသည်။ ကော်မရှင်သည် ၄င်း၏ အစီရင်ခံစာ အပြည့်အစုံကို ၂ဝ၁၇ ခုနှစ် ဒုတိယ နှစ်ဝက်ပိုင်းတွင် မထုတ်ပြန်မီ ကြားဖြတ် အစီရင်ခံစာ တစ်စောင်ကို မြန်မာနိုင်ငံ အစိုးရထံသို့ တင်သွင်းသွားရန် ရှိပါသည်။
  • ၅။ ယင်းကဲ့သို့ အပြုသဘော လုပ်ဆောင်ချက်များ ဆောင်ရွက် နေသည့်တိုင် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းသုံးခုကို နိုင်ငံရပ်ခြားက ရန်ပုံငွေပံ့ပိုး လှုံ့ဆော် ပေးထားသော လက်နက်ကိုင် များက တိုက်ခိုက်ခဲ့ ပါသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် International Crisis Group (ICG) ၏ အစီရင်ခံစာတွင် ပါရှိသည့်အတိုင်း ယင်း တိုက်ခိုက်မှုသည် ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာများ အပေါ် ကြီးမားစွာ ခြိမ်းခြောက်လျက် ရှိပါသည်။ ယင်းကဲ့သို့သော အခြေအနေများတွင် နိုင်ငံတော် အစိုးရသည် ပြည်သူလူထု၏ ဘေးကင်း လုံခြုံရေးအတွက် ဆောင်ရွက်လျက် ရှိပါသည်။ မြန်မာ လုံခြုံရေးတပ်ဖွဲ့ များကို တရားဥပဒေ စိုးမိုးရေးဘောင် အတွင်းမှ လူ့အခွင့်အရေးနှင့် ညီညွတ်စွာ ဆောင်ရွက်ရန် နှင့် အင်အား အလွန်အကျွံ သုံးခြင်းမပြုရန် ညွှန်ကြားထားရှိ ပါသည်။ လူ့အခွင့်အရေး ချိုးဖောက်ကြောင်း ခိုင်လုံသော အထောက်အထားများ တွေ့ရှိပါက ဖောက်ဖျက် ကျူးလွန်သည့် မည်သူ့ကိုမဆို အစိုးရအနေဖြင့် ဥပဒေကြောင်း အရ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်သည်။
  • ၆။ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂ မှ ၁၃ ရက်နေ့အထိ တိုက်ခိုက်မှုများ ဖြစ်ပေါ်ရသည့် အကြောင်းရင်း များနှင့် နောက်ဆက်တွဲ အကျိုးဆက် များကို စုံစမ်း စစ်ဆေးရန် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ကို ဖွဲ့စည်းခဲ့ ပါသည်။ ယင်းကော်မရှင် ၏ လုပ်ငန်းတာဝန် များတွင် ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံး၏ လုံခြုံရေးနှင့် လူ့အခွင့်အရေး များကို အာမခံချက် ပေးနိုင်ရေးမှာ အလိုအလျောက် ပါဝင်ပြီးဖြစ်ပြီး နယ်မြေ ရှင်းလင်းရေးနှင့် စပ်လျဉ်းသည့် စွပ်စွဲမှုများ အပါအဝင် စွပ်စွဲချက် အားလုံးကို မှန်ကန်မှုရှိ၊ မရှိ စိစစ်သွားရန် ပါဝင်သည်။ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အစီရင်ခံစာ တင်သွင်းရန် ကော်မရှင်ကို တာဝန်အပ်နှင်း ထားသော်လည်း လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ ပြည့်စုံသည့် အစီရင်ခံစာ တစ်စောင်ပြုစု နိုင်ရန်အတွက် အစီရင်ခံစာ တင်သွင်းရမည့် ရက်ကို သက်တမ်းတိုးမြှင့် ပေးထားပါသည်။ ရခိုင်ပြည်နယ်ရှိ ထိခိုက်ခဲ့သည့် ဒေသများသို့ သံအမတ်ကြီးများ၊ မီဒီယာနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ အပါအဝင် နိုင်ငံတကာ ကျွမ်းကျင်သူများ၏ ခရီးစဉ် များကိုလည်း မြန်မာနိုင်ငံ အစိုးရက စီစဉ်ဆောင်ရွက် ပေးခဲ့ပါသည်။ နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်းများ အနေဖြင့်လည်း ယင်းဒေသများတွင် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပြန်လည် ပေးအပ်လျက် ရှိပါသည်။
  • ၇။ အစိုးရသစ် တာဝန်ယူချိန်မှစ၍ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေး ကို အထူး အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ အမျိုးသားစုံစမ်း စစ်ဆေးရေး ကော်မရှင်သည် စွပ်စွဲချက်များနှင့် ပတ်သက်သည့် ၄င်း၏ လုပ်ငန်း တာဝန်များကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင် လုပ်ရပ်များ ကျူးလွန်ဖောက်ဖျက် သူများကို အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။ မြန်မာ အစိုးရသည် နိုင်ငံတစ်ဝန်း အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်များကို အခိုင်အမာ ထိန်းသိမ်းသွားမည် ဖြစ်သည်။


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလ ၈ ရက်

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Saturday, January 21, 2017

မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် နားလည်မှုနှင့် အပြုသဘောဆောင် ပူးပေါင်းကူညီပေးရန်လို


မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် နားလည်မှုနှင့် အပြုသဘောဆောင် ပူးပေါင်းကူညီပေးရန်လို

သတင်းထုတ်ပြန်ချက်

မလေးရှားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ အရေးကိစ္စဖြစ်သည့် ရခိုင်ပြည်နယ် ပြဿနာကို ဆွေးနွေးရန် အိုအိုင်စီ အထူးအစည်းအဝေး ခေါ်ယူကျင်းပခြင်း အတွက် အထူး စိတ်မကောင်း ဖြစ်မိပါသည်။

မလေးရှားနိုင်ငံ၏ စိုးရိမ်ပူပန်မှု များသည် အဖြစ်မှန်ကို စိစစ်ခြင်း မပြုဘဲ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှု အခြေအနေများ ရှိနေသယောင် ရည်ရွယ်ချက်ရှိရှိ ပုံဖော် ထုတ်ပြန်လျက် ရှိသည့် သတင်းမီဒီယာ အချို့၏သတင်းဖော်ပြ ချက် အပေါ် အခြေခံသည်ဟု ယူဆပါသည်။ ယင်းကဲ့သို့ ထိရှလွယ်သည့် ပြဿနာမျိုးအား ၄င်းတို့၏ နိုင်ငံရေး ရည်မှန်းချက် အတွက် အသုံးချနေခြင်း မှာ စိုးရိမ်စရာ ဖြစ်ပါသည်။

မလေးရှားနိုင်ငံ၏ လုပ်ဆောင်ချက် သည် မြန်မာနိုင်ငံ အစိုးရက ယင်းပြဿနာအား ဖြေရှင်းရေးအတွက် ကြိုးပမ်းအားထုတ် နေမှုများကို လုံးဝလျစ်လျူရှု ထားရာလည်း ကျပါသည်။ ယခုဖြစ်ပွားသည့် အခြေအနေသည်ဘာသာရေး ဖိနှိပ်မှု မဟုတ်ဘဲ ပြည်သူတို့၏ အသက်နှင့် လုံခြုံရေးကို အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်မှုမှ ကာကွယ်ရေး အတွက် ဆောင်ရွက်နေခြင်းပင် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် အစိုးရမှ ညွှန်ကြားထား ပြီး ဖြစ်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ၉-၁ဝ-၂ဝ၁၆ ရက်နေ့ နံနက်ပိုင်း က ဖြစ်ပွားခဲ့သည့် စနစ်ကျကျ ကြိုတင်ကြံစည် ပြင်ဆင်၍ အကြမ်းဖက်သည့် ပုံစံမျိုးဖြင့် ပြည်ပမှကူညီ ပံ့ပိုးပေးထားသည့် အစွန်းရောက် အကြမ်းဖက် တိုက်ခိုက်သူများက လုံခြုံရေး တာဝန်ယူသည့် ရဲစခန်း များကို တိုက်ခိုက်မှု များနှင့် ပတ်သက်၍ ၁၉-၁-၂ဝ၁၇ ရက်နေ့ ၌ ပြုလုပ်သော အိုအိုင်စီ အစည်းအဝေး၏ ရလဒ် စာရွက်စာတမ်း များတွင် ဖော်ပြမှု မရှိသည်ကိုလည်း များစွာအံ့သြမိပါသည်။ ဤအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးအသက် ဆုံးရှုံးခဲ့ပြီး၊ လက်နက်ခဲယမ်း များ ဆုံးရှုံးခဲ့ ပါသည်။

ရခိုင်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေး၊ လုံခြုံရေးအတွက် မည်သူမျှ မြန်မာအစိုးရနှင့် ပြည်သူများထက် စိုးရိမ်မည့်သူ မရှိပါ။ ထို့ကြောင့်လည်း ဤပြဿနာရပ်ကို ဖြေရှင်းရန်နှင့် ရခိုင်ပြည်နယ် အတွင်း သဟဇာတရှိမှု၊ ငြိမ်းချမ်းရေးနှင့်ကြွယ်ဝ ချမ်းသာရေး အတွက် ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်သွားရန် စစ်မှန်သောဆန္ဒ နှင့် သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါသည်။

အစိုးရအနေဖြင့် လုပ်ဆောင်ရန် ရှိသည်များ အားလုံးကို လုပ်ဆောင်လျက် ရှိနေပါသည်။ ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် ယန္တရားများကို ချမှတ်ထားရှိပြီး ဖြစ်ပါသည်။ ဥပမာအားဖြင့် လုပ်ငန်းကော်မတီ လေးရပ်ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အကောင်အထည် ဖော်ရေး ဗဟိုကော်မတီကို လည်းကောင်း၊ ပြည့်စုံ ကောင်းမွန်စွာနှင့် ထိရောက်စွာ ဖြေရှင်းရေးကို အထောက်အကူ ပြုစေမည့်ရေရှည်နည်းလမ်း ကောင်းများ ရရှိရေး အတွက် ဒေါက်တာ ကိုဖီအာနန် ခေါင်းဆောင် သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ကို လည်းကောင်း၊ မကြာမီက ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု များနှင့်စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် ဒုတိယသမ္မတ ဦးဆောင်သည့် ကော်မရှင် တစ်ရပ် ကိုလည်းကောင်း ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ သို့ လူသားချင်း စာနာမှု အကူအညီ ပေးမှုများ ကိုလည်း လုံခြုံရေး အခြေအနေ ပိုမိုတိုးတက် လာသည်နှင့်အမျှ တဖြည်းဖြည်း နှင့်တိုးချဲ့ ပေးအပ်လျက် ရှိပါသည်။ ရခိုင်ပြည်နယ် ပြဿနာနှင့်ပတ်သက်၍ ရေရှည် တည်တံ့မည့် ဖြေရှင်းမှု တစ်ရပ် ရရှိရေးကို အာရုံစိုက် ဆောင်ရွက်ခြင်း သည်သာ အသိုက်အဝန်း နှစ်ရပ်လုံး၏ အကျိုးကို အကောင်းဆုံး ဖော်ဆောင် ပေးနိုင်မည် ဖြစ်ပါသည်။ မလိုလားအပ်သောဖိအားပေးမှုများ ပြုလုပ်ခြင်းသည် နဂိုကပင် ရှုပ်ထွေးနေသည့် ပြဿနာရပ်ကို ပိုမိုရှုပ်ထွေးမှု များဖြစ်ပေါ် စေမည်သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ အစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများ အပေါ် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နားလည်မှုနှင့် အပြုသဘော ဆောင်ပူးပေါင်း ကူညီပေးရန် လိုပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ၊ နေပြည်တော်
ရက်စွဲ ၊ ၂၀၁၇ ခုနှစ် ၊ ဇန်န၀ါရီလ ၂၀ ရက် ။

Thursday, January 5, 2017

ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံများမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်


နေပြည်တော် ၊ ၅-၁-၂၀၁၇

ရခိုင်ပြည်နယ်သို့ အာဆီယံနိုင်ငံ များမှ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ပေးအပ်ရေးနှင့် ပတ်သက်၍ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ယမန်နေ့ရက်စွဲဖြင့် သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ယင်း သတင်းထုတ်ပြန်ချက် တွင် ရခိုင်ပြည်နယ် သို့ အာဆီယံနိုင်ငံများမှ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးရာတွင် လိုက်နာရန် အချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂-၁-၂ဝ၁၇ ရက်စွဲဖြင့် အာဆီယံနိုင်ငံ များ၏ သံရုံးများအား အကြောင်းကြား ခဲ့ကြောင်း၊ အာဆီယံ နိုင်ငံများ အနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများ ပေးပို့ရာတွင် သံတမန်လမ်းကြောင်း မှတစ်ဆင့် အကြောင်းကြားပြီး မှသာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အကူအညီများ ရောက်ရှိချိန်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး အခွန် ကင်းလွတ်ခွင့်၊ အကောက်ခွန် ရှင်းလင်းရေး ကိစ္စရပ်များ အတွက် သက်ဆိုင်သည့်ဌာန အသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်သဖြင့် အကူအညီ ပေးသည့် ပစ္စည်း အမျိုးအစား၊ အရေအတွက်၊ အလေးချိန် တို့ကို ကြိုတင် အကြောင်းကြားရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကူအညီ များကို ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်း နှစ်ခုလုံးအား ခွဲခြားမှုမရှိဘဲ ပေးရန် လိုအပ်ပြီး ကူညီရေး ပစ္စည်းများ ရန်ကုန်လေဆိပ် နှင့် ဆိပ်ကမ်းများသို့ ရောက်ရှိချိန်တွင် ထိုပစ္စည်းများကို ရခိုင်ပြည်နယ် သို့ ပို့ဆောင်ရေး အတွက် သက်ဆိုင်သည့် ဌာနများနှင့် အလှူရှင်နိုင်ငံ များကို နိုင်ငံခြားရေး ဝန်ကြီးဌာနက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရက ထိုအကူအညီ များကို အသိုင်းအဝိုင်း နှစ်ခုလုံး သို့ ဖြန့်ဖြူးပေး သွားမည်ဖြစ်ကာ အလှူရှင်နိုင်ငံ အနေဖြင့် ဒေသတစ်ခု သို့မဟုတ် ရွာတစ်ရွာသို့ အလှူပစ္စည်းများ ဖြန့်ဖြူးပေးလို ပါက ထိုနေရာများသို့ ရောက်ရှိရေး အတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်း မှုများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အလှူရှင်နိုင်ငံ အနေဖြင့် ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား လုပ်လိုပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ပွင့်လင်း မြင်သာမှု ရှိစေရေး အတွက် အကူအညီ ပစ္စည်းများ ပေးအပ်နိုင်မှု အခြေအနေကို သက်ဆိုင်ရာ သံရုံးများအား နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းကြား သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိသည်။

အာဆီယံနိုင်ငံများ အနေဖြင့် ငွေသားဖြင့် လှူဒါန်းလိုပါက မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ ငွေစာရင်းသို့ ပေးပို့လှူဒါန်း နိုင်ပြီး ရခိုင်ပြည်နယ်သို့ လှူဒါန်းလိုသူများ အနေဖြင့် ထိုအချက်များကို အလေးအနက် လိုက်နာရန် လိုအပ်ကြောင်း၊ အာဆီယံနိုင်ငံများ အနေဖြင့် ရခိုင်ပြည်နယ်သို့ အကူအညီများ ပေးရာတွင် ထိုအချက်များကို အလေးအနက်ထား လိုက်နာရန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အသိပေး အကြောင်းကြား ထားကြောင်း၊ မြန်မာနိုင်ငံ အစိုးရ၏ မူဝါဒနှင့်အညီ အင်ဒိုနီးရှား နိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ထောက်ပံ့ ကူညီမှုများ ပေးအပ်ရန် တရားဝင် အဆိုပြု ကမ်းလှမ်းထားပြီး လိုအပ်သလို ဖြန့်ခွဲ ပို့ဆောင်နိုင်ရေး နှစ်နိုင်ငံ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

မြ၀တီနေ့စဉ်သတင်းစာ

Thursday, July 14, 2016

ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ "၇" အရ တောင်တရုတ်ပင်လယ် အရေးကိစ္စတွင် အနုညာတခုံရုံး ၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်


၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

၂ဝ၁၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ ''၇''အရ တောင်တရုတ် ပင်လယ်အရေးကိစ္စနှင့် ပတ်သက်သည့် အနုညာတခုံရုံး ၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သား ထားပါသည်။ အဆိုပါ အနုညာတခုံရုံး ဆုံးဖြတ်ချက်၏ အကျိုး သက်ရောက်မှု နှင့် ဒေသ အတွင်းနှင့် ပြင်ပသို့ ရိုက်ခတ် လာနိုင်မည့် ဂယက်ကို မြန်မာနိုင်ငံမှ စောင့်ကြည့် လေ့လာလျက် ရှိသည်။

မြန်မာနိုင်ငံသည် တောင်တရုတ် ပင်လယ် ပိုင်ဆိုင်မှုကို ကြေညာသည့် နိုင်ငံမဟုတ် သော်လည်း တောင်တရုတ် ပင်လယ်၏ ဖြစ်ပေါ် တိုးတက်မှုများကို အလေးအနက်ထား ရှိပါသည်။ မြန်မာနိုင်ငံ အနေနှင့် အငြင်းပွားမှုကို ၁၉၈၂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပါအဝင် နိုင်ငံအားလုံးမှ အသိအမှတ်ပြုသည့် အပြည်ပြည် ဆိုင်ရာ ဥပဒေ အခြေခံမူများ နှင့်အညီ ဆွေးနွေးမှုနှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းမှုများမှ တစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုများ အားလုံးကို အစဉ်အမြဲ အားပေး ထောက်ခံပါသည်။

သက်ဆိုင်သည့် နိုင်ငံများအနေနှင့် အခြေအနေကို တင်းမာစေမည့် လုပ်ဆောင်မှုများ အပေါ် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် နှင့် ပြဿနာကို အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းပါသည်။

မြန်မာနိုင်ငံသည် စည်းမျဉ်းဥပဒေကို အခြေပြုသည့် အာဆီယံ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အလျောက် နိုင်ငံတကာ အသိုက်အဝန်း အတွင်း နိုင်ငံခြား ဆက်ဆံရေးကို အကောင် အထည်ဖော်မှုတွင် စည်းမျဉ်း ဥပဒေကို လေးစားလိုက်နာရန် ကတိပြုထား ပါသည်။

မြန်မာနိုင်ငံ အနေဖြင့် တောင်တရုတ် ပင်လယ်တွင်း နိုင်ငံများ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကြေညာချက် အပြည့်အဝနှင့် ထိရောက်စွာ အကောင် အထည်ဖော်ရေး နှင့် တောင်တရုတ် ပင်လယ်တွင်း ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ ပေါ်ထွက်ရေး အတွက် တူညီဆန္ဒအပေါ် အခြေပြု၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များနှင့် တရုတ်နိုင်ငံတို့ နှင့်ဆက်လက်ပြီး လက်တွဲလုပ်ကိုင် သွားမည် ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

Friday, November 20, 2015

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက်

နေပြည်တော် နိုဝင်ဘာ ၁၈

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာ (၁၅)ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုး ခဲ့ပြီး ယင်းစာချုပ်တွင် ဖော်ပြပါရှိသည် နှင့်အညီ ပထမအကြိမ် " တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရက်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး" ကို ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့နှင့် ဒုတိယအကြိမ် အစည်းအဝေးကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နှင့် (၁၈)ရက်နေ့ တို့တွင် ပြုလုပ်ခဲ့ပါသည်။

၂။ အဆိုပါ အစည်းအဝေး မှ " ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲ စောင့်ကြည့်ရေး ကော်မတီ'' ကို အစိုးရ ကိုယ်စားလှယ် (၁ဝ)ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့မှ ကိုယ်စားလှယ် (၁ဝ)ဦး၊ နှစ်ဖက်မှ အဆိုပြုသော အရပ်သား ကိုယ်စားလှယ် (၆)ဦး စုစုပေါင်း (၂၆)ဦးဖြင့် အောက်ပါ အတိုင်း ဖွဲ့စည်း ခဲ့ပါသည်-

  • ( က ) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် - ဥက္ကဋ္ဌ
  • ( ခ ) စောအိုင်းဇက်ဖိုး - ဒုတိယဥက္ကဋ္ဌ(၁)
  • ( ဂ ) ဦးပြည့်စုံ - ဒုတိယဥက္ကဋ္ဌ(၂)
  • (ဃ ) ဦးခင်မောင်စိုး - အဖွဲ့ဝင်
  • ( င ) ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် - အဖွဲ့ဝင်
  • ( စ ) ဗိုလ်ချုပ်ထွန်းထွန်းနောင် - အဖွဲ့ဝင်
  • ( ဆ ) ဗိုလ်ချုပ်အောင်ကျော်ဇော - အဖွဲ့ဝင်
  • ( ဇ ) ဗိုလ်ချုပ်မင်းနောင် - အဖွဲ့ဝင်
  • ( ဈ ) ဗိုလ်ချုပ်အောင်စိုး - အဖွဲ့ဝင်
  • ( ည ) ဦးမြင့်စိုး - အဖွဲ့ဝင်
  • ( ဋ ) ဒေါက်တာမင်းဇော်ဦး - အဖွဲ့ဝင်
  • ( ဌ ) စောနေစိုးမြ - အဖွဲ့ဝင်
  • ( ဍ ) စောကျော်သန်းဌေး - အဖွဲ့ဝင်
  • ( ဎ ) ခွန်အောင်မန်း - အဖွဲ့ဝင်
  • ( ဏ ) ဦးဆလိုင်းယောအောင် - အဖွဲ့ဝင်
  • ( တ ) ခိုင်မျိုးချစ် - အဖွဲ့ဝင်
  • ( ထ ) ဦးဆောင်းဟန် - အဖွဲ့ဝင်
  • ( ဒ ) စောတာဒိုမူး - အဖွဲ့ဝင်
  • ( ဓ ) စိုင်းလျန်း - အဖွဲ့ဝင်
  • ( န ) သိက္ခာတော်ရဆရာတော် စောမက်သယူးအေး- အဖွဲ့ဝင်
  • ( ပ ) ဦးကိုကိုကြီး - အဖွဲ့ဝင်
  • ( ဖ ) စိုင်းမျိုးသန့် - အဖွဲ့ဝင်
  • ( ဗ ) ဦးမောင်မောင်ငြိမ်း - အဖွဲ့ဝင်
  • ( ဘ ) သူရဦးတင်လှ - အဖွဲ့ဝင်
  • ( မ ) ဒေါက်တာရွှေခါးရ် - အတွင်းရေးမှူး(၁)
  • ( ယ ) ဗိုလ်မှူးကြီးဝဏ္ဏအောင် - အတွင်းရေးမှူး(၂)


ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ

Thursday, August 20, 2015

စစ်အုပ်ချုပ်ရေးအမိန့် (၃/၂၀၁၅) ထုတ်ပြန်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၃/၂ဝ၁၅)

၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်
၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ(၁၈)ရက်

၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက် အမှတ်(၂)ကို ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်၊ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈)ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေး ဒေသ အဖြစ် ကြေညာထားသော ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရား စီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း ကျင့်သုံး ဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။

၂။ စစ်အုပ်ချုပ်ရေး ဒေသအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်း တာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။

၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေမှူး များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘော တူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။

၎။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင် သော်လည်းကောင်း၊ စစ်နယ်မြေမှူး များဖြင့် သော်လည်းကောင်း၊ မိမိတာဝန် လွှဲအပ်သော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့် သော်လည်းကောင်း အောက်ပါ ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-

(က) အုပ်ချုပ်ရေး
(၁) လုံခြုံရေးကိစ္စရပ်များ၊
(၂) လူမှုရေးကိစ္စရပ်များ၊
(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။

( ခ ) တရားစီရင်ရေး
(၁) တရားရုံးများဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာ မှုခင်းများကို တည်ဆဲ ဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများ ဖြင့်ဖြစ်စေ စစ်ဆေးစီရင် နိုင်သည်။
(၂) စစ်ခုံရုံးဖြင့် စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ မှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေး စီရင်နိုင်သည်။
(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲ ဇယား(က) ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သူအား စစ်ခုံရုံးက ပြစ်မှုထင်ရှား စီရင်ပါက တည်ဆဲဥပဒေ များနှင့်အညီ အောက်ပါ ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်-

(ကက) သေဒဏ်၊
( ခခ ) နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်၊
( ဂဂ ) သက်ဆိုင်ရာ ပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်။

(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက် များနှင့်စီရင်ချက် များသည် အပြီးအပြတ် ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ် စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ် မရှိသော ထောင်ဒဏ်စီရင် ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ၏ အတည်ပြုချက် ရရှိမှသာ အတည် ဖြစ်သည်။ အတည်ပြုခြင်း နှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့် များရှိသည်-

(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
( ခခ ) ပြစ်ဒဏ်ကိုလျော့ပေါ့စေခြင်း၊
( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစား သို့ လျော့ပေါ့ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။

(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ်ဒဏ်ချမှတ်ချက် များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့် မရှိစေရ။
(၆) ပြင်ဆင်မှု လျှောက်ထားခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင် ပါက ပြစ်ဒဏ်ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅)ရက် အတွင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ လည်းကောင်း၊ အခြား ပြစ်ဒဏ်ချမှတ်ခြင်း ခံရပါက ပြစ်ဒဏ် ချမှတ်ခြင်း ခံရသည့်နေ့မှ (၁၅)ရက်အတွင်း ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) ထံသို့ လည်းကောင်း ပြင်ဆင်မှု လျှောက်ထား နိုင်သည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သို့မဟုတ် ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် မိမိသဘော အလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက် နိုင်သည်။ ပြင်ဆင်မှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး ဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များ ရှိသည်-

(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
( ခခ ) ပြစ်ဒဏ်ကို လျော့ပေါ့စေခြင်း၊
( ဂဂ ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ် အမျိုးအစားသို့ လျော့ပေါ့ ပြောင်းလဲခြင်း၊
( ဃဃ ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။

(၇) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် သို့မဟုတ် ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) က မိမိသဘော အလျောက် ပြင်ဆင်မှု ဖွင့်၍ ဆောင်ရွက် သည့်ကိစ္စတွင် အထက် အပိုဒ်ငယ်(၆) တွင်ပါ ရှိသော လုပ်ပိုင်ခွင့်များ အပြင် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်သည်။

၅။ ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် မိမိ၏ တာဝန် ဝတ္တရားများကို ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။

၆။ ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သို့ အစီရင်ခံ ရမည်။

(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

နောက်ဆက်တွဲဇယား(က)

စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ

၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၂)၊
၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု (ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ
၁၂၄-က)၊
၃။ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊
၎။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊
၅။ လူသတ်မှု၊
၆။ လူသေမှု၊
၇။ မုဒိမ်းမှု၊
၈။ လုယက်မှု၊
၉။ ဓားပြမှု၊
၁ဝ။ အဂတိလိုက်စားမှု၊
၁၁။ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊
၁၂။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊
၁၃။ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်
ရှောက်ရေးဥပဒေအရပြစ်မှုများ၊
၁၄။ ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေအရပြစ်မှုများ၊
၁၅။ သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊
၁၆။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရပြစ်မှုများ၊
၁၇။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေအရ ပြစ်မှုများ။

မြ၀တီနေ့စဉ် ၊ စာ(၁၆)

#Themyawadydaily

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေး အာဏာ လွှဲအပ်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
စစ်အုပ်ချုပ်ရေးကြေညာချက်အမှတ်(၂)

၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်
၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ 
ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီးဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေးအာဏာ လွှဲအပ်ခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်၊ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်၊ အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၆/၂ဝ၁၅) ၏ အပိုဒ်(၁)နှင့် (၂)တို့အရ ကျွန်ုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ဆက်လက် အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း၊ စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာထားသော ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျင့်သုံး ဆောင်ရွက်ရန် ဒေသ ကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင် အမှတ်၊ ကြည်း၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) အား ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း (၃) ရက်၊ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်၊ အင်္ဂါနေ့မှ အစပြု၍ လွှဲအပ် လိုက်သည်။

(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

မြ၀တီနေ့စဉ် ၊ စာ(၃၂)

#Themyawadydaily

Tuesday, June 9, 2015

သတင်းထုတ်ပြန်ချက်


သတင်းထုတ်ပြန်ချက်

မြန်မာနိုင်ငံက ကယ်ဆယ်ထားသည့် လှေစီးသွားလာသူများ အနက် အတည်ပြုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား များကို ပြန်လည် လွှဲပြောင်းခြင်း

 ၁။ ၂၁-၅-၂ဝ၁၅ ရက်နေ့တွင် တပ်မတော်(ရေ) က ကယ်ဆယ် ထားသည့် လှေစီး သွားလာသူ ၂ဝ၈ ဦးအနက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် အတည်ပြု ပြီးသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ဝ ဦးကို ၈-၆-၂ဝ၁၅ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်မှ တစ်ဆင့် ဘင်္ဂလားဒေ့ရှ် ဘက်သို့ တရားဝင် ပြန်လည် လွှဲပြောင်းပြီး ဖြစ်ပါသည်။ ယင်း လွှဲပြောင်းခြင်း အခမ်းအနား ပြုလုပ်သည့် တောင်ပြို (လက်ဝဲ)သို့ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇား နယ်ခြားစောင့် တပ်ဖွဲ့(၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခန်ဒါကာဆိုင် ဖူအာလမ် ခေါင်းဆောင်သည့် အဖွဲ့ဝင် ခုနစ်ဦးပါ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့သည် ၈-၆-၂ဝ၁၅ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ရောက်ရှိခဲ့ ပါသည်။ ယင်းနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ဝ ကို စစ်ဆေးပြီး နှစ်ဖက် လက်မှတ် ရေးထိုး၍ မွန်းလွဲ ၁ နာရီခွဲတွင် ပြန်လည် လွှဲပြောင်း ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် မြန်မာဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ ဒုတိယ ဒေသ ကွပ်ကဲရေးမှူး ရဲမှူးကြီး မျိုးဆွေ က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား များကို လွှဲပြောင်း ပေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်၊ ကော့ဘဇား နယ်ခြားစောင့် တပ်ဖွဲ့(၁၇) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခန်ဒါကာဆိုင် ဖူအာလမ် က လက်ခံခဲ့ ပါသည်။ ယင်းအဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅ဝ ကို လက်ခံ ခေါ်ဆောင်၍ ညနေ ၃ နာရီ ၁ဝ မိနစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ထွက်ခွာ သွားခဲ့ ပါသည်။ လေ့လာသူများ အဖြစ် စစ်တွေမြို့ အခြေစိုက် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် မစ္စတာ မိုဟာမက် မက်ဘူဘာရာမန် နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့၊ နယ်မြေခံ ဗျူဟာမှူး ဗိုလ်မှူးကြီး မိုဟာမက် ခါလက် အူဇမန် တို့လည်း ပါဝင် တက်ရောက် ခဲ့ပါသည်။

၂။ ၂၁-၅-၂ဝ၁၅ ရက်နေ့တွင် ကယ်ဆယ်ထားပြီး ယာယီ ခိုလှုံခွင့် ပေးထားသူ ၂ဝ၈ ဦးအနက် နိုင်ငံသား စိစစ်မှု ဆောင်ရွက်ဆဲ ဖြစ်သည့် ကျန်ရှိသူများနှင့် ၂၉-၅-၂ဝ၁၅ ရက်နေ့တွင် ကယ်ဆယ်၍ ယာယီ ခိုလှုံခွင့် ပေးထားသူ ၇ဝဝ ကျော်တို့ကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဘက်မှ တာဝန်ရှိ သူများက ဆက်လက် စိစစ်မှုများ ပြုလုပ်လျက် ရှိပါသည်။ စိစစ် အတည်ပြု မှုများ ဆောင်ရွက်ပြီး ပါက သက်ဆိုင်ရာ နိုင်ငံသို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ရေး ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးန၀န်ကြီးဌာန
နေပြည်တော်
၂၀၁၅ ခုနှစ် ၊ ဇွန်လ ၈ ရက်

Sunday, May 31, 2015

သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်


၁။ အိန္ဒိယ သမုဒ္ဒရာနှင့် မလက္ကာ ရေလက်ကြား တို့တွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ပုံမှန် မဟုတ်သည့် ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ လှေစီး ဒုက္ခသည်များ ပြဿနာသည် အရှေ့တောင် အာရှ ဒေသအတွင်း ၂ဝ၁၅ ခုနှစ် မေလ အလယ်ပိုင်းမှ စတင်၍ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံ တို့အား ဂယက်ရိုက် လှုပ်ရှား စေခဲ့ပါသည်။

၂။ ယင်းကိစ္စများ ဖြစ်ပေါ်သည့် အချိန်ကာလ အတွင်းမှာပင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့ ၌ မေ ၂၆ ရက်နေ့တွင် " The Oslo Conference to End Myanmar's Persecution of Rohingyas " ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါသည်။ အော်စလို ဆွေးနွေးပွဲသို့ မစ္စတာ ဂျော့ဆိုရော့စ် ၊ ဒေါက်တာ မဟာသီယာ မိုဟာမက်၊ ဒေါက်တာ ဆာအဒ်ဟာမစ်ဒ် အယ်လ်ဘာ နှင့် ဒက်စ်မွန်တူးတူး တို့မှ ကြိုတင် ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်မှ တစ်ဆင့် လည်းကောင်း၊ လူကိုယ်တိုင် တက်ရောက်၍ လည်းကောင်း မိန့်ခွန်း ပြောကြားခြင်းများ ပြုလုပ်ခဲ့ ကြပါသည်။

၃။ ယင်းတို့၏ ပြောကြားချက် များတွင် မြန်မာနိုင်ငံ အနေဖြင့် ရခိုင်ဒေသရှိ အသိုက်အဝန်း နှစ်ခုအကြား ဆောင်ရွက် ပေးနေသည့် ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းမှု အတွက် အစီအမံများ၊ မြန်မာနိုင်ငံ အတွင်း ယခင် နှစ်ပေါင်းများစွာ ကပင် နေထိုင် လာခဲ့သည့် ဘင်္ဂါလီ များအား နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် များမှတစ်ဆင့် တရားဝင် နိုင်ငံသား ဖြစ်ခွင့်ရရှိရန် ဆောင်ရွက် နေမှု၊ ရေရှည်တွင် အသိုက်အဝန်း နှစ်ခုအကြား ခိုင်မာ မှန်ကန်သည့် အထောက်အထား များဖြင့် လက်တွဲ နေထိုင်သွား နိုင်ရန် အစီအမံ တို့ကို လျစ်လျူရှု ပြစ်တင် ဝေဖန်မှု များကို ပြုလုပ်ခဲ့ ပါသည်။ ဤသို့ အပြုသဘော မဆောင်သည့် ၄င်းတို့၏ ပြောကြားချက် များကို ကန့်ကွက် ပါသည်။

၎။ မြန်မာနိုင်ငံ သည် ဒေသတွင်း နိုင်ငံများနှင့် အတူ လတ်တလော ဖြစ်ပေါ်နေသည့် လှေစီး ဒုက္ခသည်များ ပြဿနာကို လက်တွဲ ဖြေရှင်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ ထို့အတူ တစ်နိုင်ငံချင်း အနေဖြင့်လည်း မိမိတို့ တတ်နိုင်စွမ်း သရွေ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပံ့ပိုးမှုများကို ပေးအပ်ခြင်း၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ကိုလည်း ပြုလုပ်လျက် ရှိပါသည်။

၅။ ထို့ပြင် မေ ၂၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ ၌ ပြုလုပ်ခဲ့သည့် အိန္ဒိယ သမုဒ္ဒရာ အတွင်း ပုံမှန် မဟုတ်သည့် ရွှေ့ပြောင်း သွားလာမှု ဆိုင်ရာ အထူး အစည်းအဝေး သို့ ပါဝင် တက်ရောက်ခဲ့ပြီး ဒေသတွင်း နိုင်ငံများ နှင့်အတူ လူမှောင်ခို ထုတ်မှု၊ လူကုန်ကူးမှု နှင့် ဆက်စပ် နိုင်ငံဖြတ်ကျော် မှုခင်းများအား ရေတို/ ရေရှည်တွင် ထိရောက်စွာ ပူးပေါင်း ဖြေရှင်း သွားနိုင်ရန် အမြင်ချင်း ဖလှယ် နှီးနှောမှုများ ပြုလုပ်နိုင် ခဲ့ပါသည်။ နိုင်ငံ တစ်နိုင်ငံကို ဦးတည် ပြစ်တင် ဝေဖန်မှုများ ပြုလုပ် နေခြင်းထက် လူသားချင်း စာနာ ထောက်ထားမှု ကိစ္စများကို ဦးစားပေး ပူးပေါင်း ဆောင်ရွက်ရန် နှင့် သက်ဆိုင်သည့် နိုင်ငံများတွင် ဖွံ့ဖြိုးရေး အကူအညီများ ပေးရေး အတွက်ကိုလည်း မြန်မာ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ဦးတည် ဆွေးနွေး ခဲ့ပါသည်။

၆။ သို့ဖြစ်ပါ၍ လူမှောင်ခို ကူးသူများနှင့် လူကုန်ကူး သူများ၏ အမြတ် ထုတ်မှုကြောင့် ထိခိုက် ခံစားနေရသည့် လှေစီး ဒုက္ခသည် များအား လူသားချင်း စာနာမှု ဆိုင်ရာ စိတ်သဘောထား ရှိ၍ ထောက်ပံ့ရေး နည်းလမ်းများ ရှာဖွေ ကူညီရန် လိုအပ်လျက် ရှိချိန်တွင် နိုင်ငံ တစ်နိုင်ငံ အပေါ် တစ်ဖက်သတ် ဖိအားပေး အပြစ်ပုံချသည့် အပြုအမူ များသည် မြန်မာနိုင်ငံ အပါအဝင် သက်ရောက်ခံ နိုင်ငံများ၏ လတ်တလော ကြိုးပမ်းမှု များကို သေးသိမ်ရာ ရောက်စေပြီး နိုင်ငံတကာမှ အထင်အမြင် လွဲမှားမှုများ ဖြစ်စေ နိုင်သဖြင့် တစ်ဖက် စောင်းနင်း နိုင်သော အဆိုးမြင် ပြောကြားချက် များအားလုံးကို မြန်မာနိုင်ငံ က ပယ်ချပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၁၅ ခုနှစ် ၊ မေ ၃ဝ

Friday, May 29, 2015

မြစိမ်းရောင် ဂဏန်းပုံစံသစ်ဖြင့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင် ထုတ်ဝေမည်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ကြေညာချက်
( ၂၀၁၅ ခုနှစ် မေလ ၂၈ ရက် )



မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ထုတ်ဝေ ထားရှိသည့် ငွေစက္ကူ များ၏ ခိုင်မာလုံခြုံမှု အတွက် လုံခြုံမှု အဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင်ခြင်း များကို ပုံမှန် ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ တရားဝင် လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက် စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မား စေ၍ အရည်အသွေး ပိုမို ကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာ စေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ် နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ထုတ်ဝေမည် ဖြစ်ပါသည်။

မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ မျက်နှာစာ ညာဘက်အောက် ထောင့်တွင် ရိုက်နှိပ်ထားသည့် ရိုးရိုးဂဏန်း ''၁ဝဝဝဝ'' အစား တောက်ပသည့် မြစိမ်းရောင် ''၁ဝဝဝဝ'' ဂဏန်းကို ပြောင်းလဲ ထည့်သွင်းထား ပါသည်။ ငွေစက္ကူကို အနေအထား ပြောင်းလဲကြည့်လျှင် ယင်းဂဏန်း ၏ တောက်ပမှု အလင်းရောင်သည် အထက်အောက် ရွေ့လျားနေသည့် အပြင် ဂဏန်း၏ အရောင်သည် မြစိမ်းရောင်မှ အပြာရင့်ရောင် သို့ ပြောင်းလဲ နိုင်ပါသည်။ ကျပ်တစ်သောင်းတန် ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထားသည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူကို ဖုံးအုပ် ကာကွယ်ထားသည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်း နိုင်သည့် အရာများကြောင့် ငွေစက္ကူ အရည်အသွေး နိမ့်ကျပျက်စီးခြင်း ကို ကာကွယ်စေ သဖြင့် ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမို ရှည်ကြာ စေပါသည်။ ၄င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်၊ညာ အစွန်းများတွင် ဖောင်းကြွလိုင်းတို များကို ထည့်သွင်း ထားပါသည်။ မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူတွင် အသုံးပြု ထားသည့် လုံခြုံရေးကြိုးကို ဆက်လက် အသုံးပြုထားပြီး၊ ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်းခရမ်းရောင် မှ အစိမ်းရောင်သို့ ပြောင်းလဲ နိုင်ပါသည်။

ယခုထုတ်ဝေမည့်ကျပ်တစ်သောင်းတန် ငွေစက္ကူမှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာ အသစ်နှင့် ငွေစက္ကူမျက်နှာ ပြင်နှစ်ဖက်ကို ဗားနစ်(Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်း တို့မှအပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင် သတ်မှတ် ချက် များသည် မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူအတိုင်း ဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက်ရှိသော ကျပ်တစ်သောင်းတန် ငွေစက္ကူများ သည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ပါသည်။

#Themyawadydaily

Wednesday, May 27, 2015

မြန်မာ့ပင်လယ်ပြင်တွင် ကယ်ဆယ်ထားသည့် လှေစီးဒုက္ခသည်များအနက် လူ ၂၀၀ သည် ငယ်ရွယ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်


နေပြည်တော် ၊ ၂၇-၅-၂၀၁၅

ရန်ကုန်မြို့၌ ခေတ္တ ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ်နှင့် ကုလသမဂ္ဂ အဆင့်မြင့် ကိုယ်စားလှယ် များ၏ ရခိုင်ပြည်နယ် ပူးတွဲခရီးစဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် နှင့် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာရုံးမှ သတင်း ထုတ်ပြန်ချက် တစ်ရပ်ကို မေ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယား ၊ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် မစ္စ ရီနာတာ လော့ဒမ်ဆလီယမ် နှင့် ကုလသမဂ္ဂ အေဂျင်စီ ကိုယ်စားလှယ် များသည် မေ ၂၂ ရက်တွင် ရခိုင်ပြည်နယ် သို့ သွားရောက် ခဲ့ပါကြောင်း၊ ကပ္ပလီပင်လယ် နှင့် ဘင်္ဂလား ပင်လယ်အော် အတွင်း လက်ရှိ ဖြစ်ပေါ်နေသော လှေစီး ဒုက္ခသည်များ ကိစ္စတွင် ရခိုင်ပြည်နယ်၏ လူသားချင်း စာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးမှု ဆိုင်ရာ အခြေအနေ တို့ကို ကြည့်ရှုရန် အတွက် သွားရောက်ခြင်း ဖြစ်ပါကြောင်း။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် နှင့် အစိုးရ ကိုယ်စားလှယ် များနှင့်တွေ့ဆုံ ခဲ့ပါကြောင်း၊ လှေစီး ဒုက္ခသည် များကို ခေတ္တ စောင့်ရှောက် ထားသည့် အလယ်သံကျော် ကျေးရွာသို့လည်း သွားရောက် ခဲ့ပါကြောင်း၊ မေ ၂၁ ရက်တွင် မြန်မာ့ ပင်လယ်ပြင်၌ ရွှေ့ပြောင်း သွားလာသူ ၂ဝဝ ကျော်ကို ကယ်ဆယ်ခဲ့သည့် အတွက် မြန်မာနိုင်ငံ အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့ကို ကုလသမဂ္ဂ အနေဖြင့် ချီးမွမ်းပါကြောင်း၊ အဆိုပါ ရွှေ့ပြောင်း သွားလာသူများ အနက် ၂ဝဝ မှာ ငယ်ရွယ်သည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားများ ဖြစ်ပြီး ကျန်သည့် ၁၉ ဦးမှာ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်ကြား ရှိသူများ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ၄င်းတို့ကို မြန်မာ့ တပ်မတော် (ရေ) မှ ခေါ်ဆောင် လာခဲ့ပြီး မြန်မာအစိုးရ ၊ ဒေသလူမှု အသိုက်အဝန်း နှင့် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတို့သည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သည့် အဖွဲ့အစည်း များ၏ အကူအညီဖြင့် အစားအစာ၊ ရေ နှင့်  ယာယီ နေထိုင်ရန် စီစဉ် ပေးထားကြောင်း။

ခိုကိုးရာမဲ့ ဖြစ်နေသူ များကို မည်သည့် နိုင်ငံသားပင် ဖြစ်စေ အထူး ဂရုတစိုက်ဖြင့် ကယ်ဆယ် ခဲ့သည်ကို မစ္စတာ နမ်ဘီးယား အနေဖြင့် အသိအမှတ် ပြုပါကြောင်း၊ ပင်လယ်ပြင်၌ ဒုက္ခရောက် နေသည့်သူ များစွာ ရှိနေသည်ဟု ယုံကြည်ရပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် မြန်မာအစိုးရကို တိုက်တွန်း ပါကြောင်း ၊မြန်မာနိုင်ငံ အပြင် ပိုမို ကျယ်ပြန့်သည့် ဒေသအတွင်း၌ လူမှောင်ခိုမှု၊ လူကုန်ကူးမှု နှင့် တရားမဝင် ရွှေ့ပြောင်း သွားလာမှု အခြေအနေ၏ အရေးကြီးမှုကို နှစ်ဖက် ဆွေးနွေးခဲ့ ပါကြောင်း ၊ ဒေသတစ်ခုလုံး အတွင်း အလားတူ ဖြစ်စဉ်များတွင် အဆိုပါ ဖြစ်စဉ်တွင် ပါဝင် ပတ်သက်သည့် ပွဲစားများ၊ ဤသို့ ဆောင်ရွက် ကျူးလွန်မှုများ ပြုလုပ်သည့် ရာဇဝတ်ဂိုဏ်း များကို အရေးယူရေး ကို ကြိုးပမ်းသွားရန် လိုအပ်သည်ကို သဘောတူ ခဲ့ကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို နိုင်ငံအတွင်းနှင့် ဒေသအဆင့် ဖြေရှင်းသွားရေး အရေးပါ သည်ကို  နှစ်ဖက် သဘောတူ ခဲ့ကြပြီး ယင်းပြဿနာ များကို ဖော်ထုတ်ရန် မြန်မာ အစိုးရကို ကုလသမဂ္ဂ အနေဖြင့် ပံ့ပိုးကူညီရန် ကမ်းလှမ်းခဲ့ ပါကြောင်း၊ ဤကိစ္စရပ် များကို ဆွေးနွေးရန်နှင့် ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရန် အတွက် နယ်ပယ်များကို ဖော်ထုတ်ရန် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ မေ ၂၉ ရက်တွင် ကျင်းပမည့် ဒေသတွင်း အစည်းအဝေး သို့လည်း မြန်မာ နိုင်ငံမှ ပါဝင် တက်ရောက်ရန် အတည်ပြု ခြင်းကို ကုလသမဂ္ဂ အနေဖြင့် ကြိုဆိုပါကြောင်း။

အန္တရာယ်ရှိသည့် ပင်လယ်တွင်း လှေစီး ထွက်ခွာမှု ဖြစ်ပွားရသည့် အကြောင်းရင်း များနှင့် ရွှေ့ပြောင်း သူများ၏ မူရင်း ထွက်ခွာလာသည့် နိုင်ငံများ၏ အခြေအနေ များကို မီဒီယာများ အနေဖြင့် လွှဲရှောင်ရန် မဖြစ်နိုင်ဘဲ အာရုံစိုက်လျက် ရှိပါကြောင်း ၊ ကုလသမဂ္ဂ အနေဖြင့် ပြည်တွင်း ရွှေ့ပြောင်း သွားလာကြ သူများ၏ အခြေအနေများ တိုးတက်ရန် ကြိုးပမ်း အားထုတ်မှုများ အပါအဝင် ရခိုင်ပြည်နယ်ရှိ ဖြစ်ပေါ် တိုးတက်မှု များကို အသိအမှတ်ပြု ကျေးဇူးတင်ရှိ ပါကြောင်း ၊ အစိုးရအနေဖြင့် ပြည်တွင်း ရွှေ့ပြောင်း သွားလာရ သူများကို ၄င်းတို့၏ မူလနေရာသို့ ပြန်လည် အခြေချ နေထိုင်နိုင်ရေး အတွက် စတင် ဆောင်ရွက်လျက် ရှိပြီး လူမှု အသက်မွေးမှု၊ ကျန်းမာရေး နှင့် ပညာရေး အတွက် အကူအညီများ ပေးလျက် ရှိပါကြောင်း၊ ပြည်တွင်း ရွှေ့ပြောင်း သွားလာရသူများ အပါအဝင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ အားလုံးအတွက် အကူအညီများ ပေးအပ်ရန် အစိုးရအနေဖြင့် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုက်အဝန်း တို့ကို မေတ္တာရပ်ခံ ထားပါကြောင်း။

ဤ ကြိုဆိုဖွယ် ကောင်းသည့် တိုးတက်မှုများ ရှိသော်ငြားလည်း ပြည်တွင်း ရွှေ့ပြောင်း နေထိုင်ရသူ များနှင့် အချို့ မူဆလင် ဘာသာဝင်များ ရင်ဆိုင် နေရသည့် အခြေခံ အခွင့်အရေးများ ငြင်းဆိုခံ ရမှု၊ လွတ်လပ်စွာ သွားလာမှုကို ထိန်းချုပ် ထားမှုတို့ကို ဖြေရှင်းရေး အတွက် ဆောင်ရွက် ရန် များစွာ ကျန်ရှိ နေသေးကြောင်း၊ ရခိုင်ပြည်နယ် တွင်သာမက မြန်မာ နိုင်ငံအတွင်းရှိ အခြားအုပ်စုများ နိုင်ငံသား ဖြစ်မှု၊ အထူးသဖြင့် တရားဝင် အဆင့်အတန်း ရှိမှု ကိစ္စများကို လျင်မြန်စွာဖြင့် အလုံးစုံ ဖြေရှင်းသွားရန် လိုအပ်သည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ အနေဖြင့် အလေးထား ပြောကြား ခဲ့ကြောင်း၊ ဤ အခွင့်အရေး ကိစ္စများကို ဖြေရှင်းရေး အတွက် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် အတွင်းရှိ လူ့အဖွဲ့အစည်းများ အားလုံး အတွက် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းမှုများကို လျင်မြန်စွာ တိုးမြှင့် ဆောင်ရွက်ရေး၊ စုပေါင်း အားထုတ် ဆောင်ရွက်မှု ကိုပါ ဆောင်ရွက် သွားရန် လိုအပ်သည်ကို ထပ်လောင်း ပြောကြား ခဲ့ကြောင်း ၊ သို့မှသာ ပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် ဆင်းရဲမွဲတေမှု၊ ချို့တဲ့မှု စသည့် စိန်ခေါ်မှုများ ကို ဘက်စုံပါဝင် ဖြေရှင်းသည့် နည်းလမ်းမှ တစ်ဆင့် ဖြေရှင်းနိုင်မည် ဖြစ်ပါကြောင်း ဖော်ပြထားသည်။

#Themyawadydaily

Wednesday, May 20, 2015

ရွှေ့ပြောင်းအခြေချသူများ ၊ ပင်လယ်တွင်း လှေစီးဒုက္ခသည်များ နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားနှင့် ဆောင်ရွက်နေမှု အခြေအနေ


နေပြည်တော် ၊ ၂၀-၅-၂၀၁၅

၁။ လတ်တလော နိုင်ငံတကာ သတင်းများတွင် ဘင်္ဂလား ပင်လယ်နှင့် မလက္ကာ ရေလက်ကြား တို့၌ ဖြစ်ပေါ်လျက် ရှိသည့် ရွှေ့ပြောင်း အခြေချလို သူများ၊ ပင်လယ်တွင်း လှေစီးဒုက္ခ သည်များ ကိစ္စနှင့် ပတ်သက်၍ ဖော်ပြလျက် ရှိပါသည်။ ယင်း သတင်းများ အပေါ် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းနှင့် ထပ်တူ စိုးရိမ်မှုများ ရှိကြောင်း ဖော်ပြအပ် ပါသည်။ ဤ သတင်းများ ကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့် လေ့လာလျက် ရှိပါသည်။

၂။ မြန်မာနိုင်ငံ အနေဖြင့် ဒေသအတွင်း လူမှောင်ခိုကူး မှုနှင့် တရားမဝင် ရွှေ့ပြောင်း သွားလာမှုများ အကျိုးဆက်အဖြစ် သာမန် အပြစ်မဲ့လူများ အတိဒုက္ခနှင့် အသက်ဘေး အန္တရာယ်များ ကြုံတွေ့ ရမည်ကို များစွာ စိုးရိမ်ပါသည်။

၃။ သို့ဖြစ်၍ လူမှောင်ခိုကူး မှုနှင့် တရားမဝင် ရွှေ့ပြောင်း သွားလာမှု များကို ကာကွယ် တားဆီးရေးကို အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ချက် တစ်ရပ်မှာ မိမိနိုင်ငံ၏ ရေပိုင်နက် အတွင်း ဖြတ်သန်း သွားလာမှု မရှိစေရေး၊ ဤသို့ ဖြတ်သန်း သွားလာခြင်း ကြောင့် ပင်လယ်ပြင် အတွင်း အတိဒုက္ခ မရောက်စေရေး အတွက် မြန်မာ့ တပ်မတော် (လေ)နှင့် မြန်မာ့ တပ်မတော်(ရေ) တို့အနေဖြင့် မိမိပိုင်နက် ရေပြင်အတွင်း ပုံမှန် ကင်းလှည့် ရှာဖွေမှုများ ပြုလုပ်လျက် ရှိပါသည်။ ပင်လယ်ပြင် အတွင်း အတိဒုက္ခ ရောက်သူများ တွေ့ရှိ ပါကလည်း ကူညီရန် အသင့်ရှိ ပါသည်။

၎။ လူမှောင်ခိုကူး မှုနှင့် တရားမဝင် ရွှေ့ပြောင်း သွားလာမှု များကို တားဆီးသည့် လုပ်ငန်းများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက် ရှိသကဲ့သို့ ပင်လယ် ရေကြောင်း ခရီးဖြင့် ရခိုင်ပြည်နယ်မှ တရားမဝင် ရွှေ့ပြောင်း သွားလာမှုများ မရှိစေရေး အတွက်လည်း ရခိုင်ပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ ဌာနများ အနေဖြင့် စနစ်တကျ ကြပ်မတ် ဆောင်ရွက်လျက် ရှိပါသည်။ ယင်းဒေသတွင် တရားဥပဒေ စိုးမိုးရေးသည် များစွာ အရေးပါသည့် အလျောက် လူပုဂ္ဂိုလ် တစ်ဦးချင်း စီ၏ လုံခြုံမှု ရှိရေးကို ကြပ်မတ် ဆောင်ရွက်လျက် ရှိပါသည်။

၅။ မြန်မာနိုင်ငံ အနေဖြင့် လူမှောင်ခို ကူးခြင်းနှင့် လူကုန်ကူးခြင်း နှင့် နိုင်ငံဖြတ်ကျော် မှုခင်းများ ဆိုင်ရာ ဒေသတွင်း ယန္တရား တစ်ရပ်ဖြစ်သည့် ဘာလီ လုပ်ငန်းစဉ် အတိုင်း ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။ လူမှောင်ခိုကူး မှုကြောင့် အတိဒုက္ခ ရောက်သူများ တွေ့ကြုံရသည့် ဒုက္ခများကို လျော့ပါး သက်သာစေရန် လူသားချင်း စာနာ ထောက်ထားမှု ရှုထောင့်မှ နိုင်ငံတကာနှင့် ပူးပေါင်း၍ ဆောင်ရွက် သွားရန် အသင့်ရှိ ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

#Themyawadydaily

Tuesday, March 10, 2015

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးရှိ တံတားများတွင် ဒေါက်ထောက်မှုလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် ခရီးသွားပြည်သူများ စိုးရိမ်မှုမရှိစေရေး အသိပေးချက် ထုတ်ပြန်



ရန်ကုန် ၊ ၁၀-၃-၂၀၁၅

ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေး အဖွဲ့အနေဖြင့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ပေါ်ရှိ တံတားများတွင် ဒေါက်ထောက်မှု လုပ်ငန်းများ (ပုံ) ကို လုပ်ကိုင် ဆောင်ရွက်လျက် ရှိရာ ထိုသို့ ဆောင်ရွက်ထားရှိမှု အပေါ်တွင် ခရီးသွား ပြည်သူများမှ စိုးရိမ်ပူပန်မှုများ မရှိစေရေး အတွက် အသိပေးချက် ထုတ်ပြန်ကြေညာ ခဲ့ကြောင်း သိရသည်။

ရန်ကုန်- မန္တလေး အမြန် လမ်းမကြီးကို လမ်းနှင့်တံတား များ၏ ခံနိုင်ဝန်အား တန်ချိန် ၈ဝ ထိသာ တင်ဆောင် သွားလာနိုင်သော ဒီဇိုင်းပုံစံများဖြင့် တည်ဆောက် ထားခြင်း ဖြစ်သည်။ ထို အမြန်လမ်းမ ကြီးတွင် သတ်မှတ်ခွင့်ပြု တန်ချိန်ထက် ပိုသော ဝန်လေး ပစ္စည်းများကို Transporter ယာဉ်များဖြင့် သယ်ဆောင်ရန် လိုအပ်သည့်အခါ ၌ တံတားများ၌ Ultimate Deflection များ မဖြစ်ပေါ်စေရေး အတွက် Girder များ၏ အောက်ခြေတွင် (Prop) ဒေါက်ထောက် ပေးခြင်းလုပ်ငန်း များကို လုပ်ကိုင် ဆောင်ရွက် ပေးနေခြင်း ဖြစ်ကြောင်း ၄င်းအသိပေး ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးရှိ တံတားများတွင် ဒေါက်ထောက်မှု လုပ်ငန်းများကို ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း၊ ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေး အထူးအဖွဲ့က ၃၆၆/၃ မိုင် ရှည်လျားသည့် ရန်ကုန်- မန္တလေး အမြန်လမ်းကို ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထိန်းသိမ်းရေး လုပ်ငန်း သုံးမျိုးဖြင့် အပိုင်းလိုက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်။

ဆောင်ရွက်ရာတွင် အင်တာနက် ဖေ့စ်ဘုတ် စာမျက်နှာများမှ အကြံပြု အသိပေးမှုကို တွေ့ရှိရ သည်နှင့် ပြင်ဆင် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ချက်ချင်း လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ရန်ကုန်- မန္တလေး အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ အနေဖြင့် အမြန် လမ်းမကြီး၏ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံး ပြန်လည်ပြုပြင် ဆောင်ရွက်လျက် ရှိရာ ရန်ကုန်- မန္တလေး အမြန်လမ်း မိုင် (၃၄၄/၆) ရှိ ကျောက်ဆည်- တံတားဦးလမ်း Underpass ၏ ကွန်ကရစ် ပလက်ဖောင်းတုံး ( fancy Block )များ ပျက်စီးယိုယွင်း နေမှုကို ဖေ့စ်ဘုတ် စာမျက်နှာမှ အကြံပြု အသိပေးခဲ့မှု အရ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်- မန္တလေး အမြန်လမ်း အတွက် လိုအပ်ချက်များ အပေါ် အကြံပြုလိုပါက https://www.facebook.com/ygnmdyexpressroad ကို Link လုပ်ပြီး လာရောက် အကြံပြု နိုင်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Thursday, February 26, 2015

ပိုးသတ်ဆေး ၃၈၃ မျိုးကို မှတ်ပုံတင်ခွင့်ပြု ထားကြောင်း ပိုးသတ်ဆေးမှတ်ပုံတင် အဖွဲ့မှ ထုတ်ပြန်ကြေညာ



ရန်ကုန် ၊ ၂၆-၂-၂၀၁၅

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က ပိုးသတ်ဆေး ၃၈၃ မျိုးကို မှတ်ပုံတင်ခွင့်ပြု ထားပြီးဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာချက်များ အရ သိရသည်။

မြန်မာနိုင်ငံ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့အနေနှင့် (၂၄)ကြိမ်မြောက် အစည်းအဝေး တွင် နည်းပညာများ ဆိုင်ရာ စိစစ်မှုများ ပြုလုပ်ခဲ့ပြီး ပိုးသတ်ဆေး အမျိုးအစား ပေါင်း ၃၈၃ မျိုးကို မှတ်ပုံတင် ခွင့်ပြုထားပြီး ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့က အမိန့် ကြော်ငြာစာ အမှတ် (၁/၂ဝ၁၅)ဖြင့် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် စမ်းသပ် သုံးစွဲခွင့် မှတ်ပုံတင် ရရှိထားသည့် ပိုးသတ်ဆေးများ အနေဖြင့်လည်း ပိုးသတ်ဆေး ဥပဒေပုဒ်မ - ၂(စ)အရ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ က သတ်မှတ် ပေးထားသည့် နယ်မြေ အတွင်းတွင် ပိုးသတ်ဆေး၏ ထိရောက်မှု ကိုလည်းကောင်း၊ စိုက်ပျိုးရေး စနစ်နှင့် သင့်လျော်သည့် သုံးစွဲမှု နည်းလမ်းများ ကိုလည်းကောင်း၊ စမ်းသပ်ဆောင်ရွက် ပြီးမှသာ ယာယီ သုံးစွဲခွင့် မှတ်ပုံတင် အမျိုးအစားကို ပြန်လည် လျှောက်ထား ကြရမည် ဖြစ်သည်။

ယာယီသုံးစွဲခွင့် မှတ်ပုံတင်နှင့် ပြင်ဆင် မှတ်ပုံတင် အမျိုးအစား ရရှိပြီးသည့် ပိုးသတ်ဆေး များကို ပြည်ပမှ ပြည်တွင်းသို့ တင်သွင်းခွင့် နှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့ခွင့်များ နှင့် စပ်လျဉ်း၍ ဥပဒေပုဒ်မ- ၂၃(ဃ) (င)အရ ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့မှ တင်သွင်းခွင့် ထောက်ခံချက် (Import Erdosement) နှင့် ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ၏ ခွင့်ပြုချက်များ ရယူရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယာယီသုံးစွဲခွင့် မှတ်ပုံတင် နှင့် ပြင်ဆင်မှတ်ပုံတင် ရရှိပြီးသော ပိုးသတ်ဆေးများ အနေနှင့် ပိုးသတ်ဆေး ဥပဒေပုဒ်မ -၃၄ အရ ၄င်းတို့၏ ထုပ်ပိုးပစ္စည်းများ၊ ဘူးခွံများ၊ ပုံးခွံများ အပေါ်တွင် ပိုးသတ်ဆေး မှတ်ပုံတင် အဖွဲ့၏ အတည်ပြုချက် ရရှိထားသော မြန်မာဘာသာ ပြန်ဆိုထားသည့် အညွှန်းစာသား နှင့် မှတ်ပုံတင် အမှတ်များ ပါရှိမှသာ ရောင်းဝယ် သုံးစွဲခွင့် ရရှိမည် ဖြစ်သည်။ 

မှတ်ပုံတင်ပြီး ပိုးသတ်ဆေး များကို တင်သွင်း၊ တင်ပို့၊ ရောင်း ဝယ် ဖောက်ကား၊ သိုလှောင်သုံးစွဲ ရာတွင် ပိုးသတ်ဆေး ဥပဒေဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည် ဖြစ်ပြီး ဥပဒေ ပြဋ္ဌာန်းချက်များ၊တားမြစ်ချက် များမှ တစ်ရပ်ရပ်ကို ကျူးလွန် ဖောက်ဖျက်ကြောင်း တွေ့ရှိပါက ပိုးသတ်ဆေး ဥပဒေအရ ထိရောက်စွာ အရေးယူ ခံရမည် ဖြစ်ကြောင်း အမိန့်ကြော်ငြာစာ တွင် ထည့်သွင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ ပိုးသတ်ဆေး အဖွဲ့က မှတ်ပုံတင် ခွင့်ပြုပေးခဲ့သည့် ပိုးသတ်ဆေး ၃၈၃ မျိုး၏ စာရင်း အသေးစိတ်ကို ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်အောက်ရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ သွားရောက် ကြည့်ရှုနိုင်ကြောင်း နှင့် Facebook Acccount - https://www.facebook.com/dcca.dcca တွင် ဝင်ရောက်ကြည့်ရှု နိုင်ကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Sunday, February 22, 2015

ကိုးကန့်သောင်းကျန်းသူ အဖွဲ့ သမိုင်းကြောင်း နှင့် လောက်ကိုင်ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်အား ချပြရှင်းလင်း


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ကိုးကန့် သောင်းကျန်းသူအဖွဲ့ သမိုင်းကြောင်း နှင့် လောက်ကိုင်ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်အား ရှင်းလင်းစဉ်


နေပြည်တော် ၊ ၂၂-၂-၂၀၁၅

ကိုးကန့် သောင်းကျန်းသူ အဖွဲ့ သမိုင်းကြောင်း နှင့် လောက်ကိုင် ဒေသသို့ ကိုးကန့် သောင်းကျန်းသူများ ၀င်ရောက် တိုက်ခိုက်မှု ဖြစ်စဉ် ရှင်းလင်းပွဲအား ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ၊ ဘုရင့်နောင် ရိပ်သာ၌ ကျင်းပ ပြုလုပ်သည်။

အခမ်းအနား တွင် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုက်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ တက်ရောက် ရှင်းလင်းခဲ့ပြီး ပြည်တွင်း သတင်းဌာန ၂၇ ခုနှင့် ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာန ၈ ခု တို့ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ကိုးကန့် သောင်းကျန်းသူ အဖွဲ့၏ သမိုင်းကြောင်း နှင့် ပတ်သက်ပြီး ပြောကြားရာတွင် ၁၉၅၈ ခုနှစ်၊ အိမ်စောင့်အစိုးရ တက်လာပြီးနောက် စော်ဘွားများ အာဏာစွန့်လွှတ်ရေး ဆောင်ရွက်ခဲ့ရာ ကျေနပ်မှု မရှိ၍ ကိုးကန့်စော်ဘွား ၏သား ဂျင်မီယန်း သည် ကိုးကန့် ကာကွယ်ရေးတပ် အချို့ကို ဦးဆောင်၍ ထိုင်း- မြန်မာနယ်စပ်သို့ ထွက်ခွာ သွားခဲ့ပြီး ကျန်ရှိသော ကိုးကန့် ကာကွယ်ရေးတပ် များကို ဖုန်ကြားရှင်က ဦးစီးလှုပ်ရှား ခဲ့ကြောင်း၊ ယင်းအဖွဲ့သည် ကူမင်တန် (တရုတ်ဖြူ)၊ ဗကပ တို့နှင့် ဆက်သွယ်မှုများ ပြုလုပ်၍ အထောက်အပံ့များ ရယူခဲ့ခြင်းကြောင့် တပ်မတော် စစ်ကြောင်းများက ၁၉၆၃ ခုနှစ်တွင် စတင် တိုက်ခိုက်ခဲ့ရာ ဖုန်ကြားရှင်က တစ်ဖက် နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း၊ ၁၉၆၇ ခုနှစ်တွင် ဗကပ၏ စည်းရုံးသိမ်းသွင်းမှု ကြောင့် ဖုန်ကြားရှင်သည် ဗကပဘက်သို့ ကူးပြောင်း ခဲ့ကြောင်း၊ ၁၉၈၉ ခုနှစ်၊ မတ်လ တွင် မုံးကိုးရှိ မြောက်ပိုင်း ဗျူရိုကို ကိုးကန့်အုပ်စုမှ သိမ်းပိုက်ခဲ့ပြီး ဗကပ လက်အောက်မှ ခွဲထွက် ခဲ့ကြောင်း၊ ဗကပမှ ခွဲထွက်ခဲ့သည့် ကိုးကန့် တိုင်းရင်းသား ခေါင်းဆောင် များသည် ''မြန်မာနိုင်ငံ အမျိုးသား ပေါင်းစုံ ဒီမိုကရေစီ တပ်မတော်'' အနေဖြင့် ၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တပ်ဖွဲ့ဝင် အင်အား ၂၇ဝ၆ ဦး၊ လက်နက်မျိုးစုံ ၁၃၄၅ လက်ဖြင့် ဥပဒေဘောင် အတွင်း ဝင်ရောက် လာခဲ့ကြောင်း။ 



တပ်မတော် အစိုးရနှင့် ငြိမ်းချမ်းရေး ရရှိပြီး ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ(၁) အဖွဲ့ ပေါ်ပေါက် လာချိန်တွင် ဖုန်ကြားရှင် ဦးစီးသည့် ''ဖုန်''အုပ်စုသည် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ယူပြီး ရန်မိုးလျန် ဦးစီးသည့် ''ရန်''  အုပ်စုသည် စစ်ရေးလုံခြုံရေး အပိုင်း တာဝန်ယူ ခဲ့ကြောင်း၊ အုပ်စုလိုက် တန်ခိုးကြီးထွား စေရေး မူးယစ်ဆေးဝါးကို အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ရာမှ အချင်းချင်း အာဏာ လုကြပြီး ''ဖုန်'' ''ရန်'' ပြဿနာများစွာ ပေါ်ပေါက် ခဲ့ကြောင်း၊ ယင်း ပြဿနာများ ကိုလည်း တပ်မတော်မှပင် ရင်ကြားစေ့ ဖြေရှင်းပေးခဲ့ကြောင်း။



ထို့အပြင် ကိုးကန့်ဒေသ အတွင်း ခယက၊ မယက များ ဖွဲ့စည်းထားေ သ်ာလည်း တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိစေရန် ဖုန်ကြားရှင်မှ လိမ္မာပါးနပ် စွာဖြင့် ချုပ်ကိုင် လာခဲ့ကြောင်း၊ တစ်ဖက်မှလည်း မူးယစ်ဆေးဝါး ကိစ္စ၊ လောင်းကစားမှုများ နှင့် အခြားသော မှောင်ခိုစီးပွား ရေးလုပ်ငန်းများဖြင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာတွင် လက်ဝါးကြီးအုပ် နိုင်ရန် စီစဉ်ခဲ့ကြောင်း၊ ၂ဝဝ၇ ခုနှစ်၌ ဖုန်ကြားရှင်အဖွဲ့၏ ကိုးကန့်ဒေသ၊ ရန်လုံကျိုင်းရွာ တွင် လက်နက်စက်ရုံ ဖြင့် လက်နက်၊ ခဲယမ်းများ ထုတ်လုပ်လျက်ရှိ သည်ဟု အတည်ပြု သတင်းများ ရရှိခဲ့ကြောင်း၊ ၂ဝဝ၈ ခုနှစ်၊ ဒီဇင်ဘာ ၂၇ တွင် သတင်းအရ လောက်ကိုင်မြို့ ၊ တုံချန်မြို့သစ် ရုံးရှေ့ တိုက်ခန်းအမှတ် ၁၅ သို့ ၀င်ရောက် ရှာဖွေရာ လက်နက် ၊ ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း ၂၀၀၉ ခုနှစ် ၊ သြဂုတ်လ ၂၂ ရက်တွင် ဖုန်ကြားရှင် အပါ ၄ ဦးအား ဥပဒေနှင့် အညီ စစ်ဆေး အရေးယူ နိုင်ရေးအတွက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန် အကြောင်းကြား စာအား အထူးဒေသ(၁) ဗဟို ကော်မတီဝင် များထံ ပေးအပ်ခဲ့ ပါကြောင်း၊ သြဂုတ်လ ၂၅ ရက်တွင် ဖုန်ကြားရှင် မှာ တောင်ညီနောင် ဘက်မှတစ်ဆင့် ဘီပီ(၁၂၅/၁၂၆) ဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့၍ ဖုန်ကြားရှင်၊ ဖုန်ကြာဖူး၊ ဖုန်တာရွှင် တို့အား လက်နက်/ မူးယစ်/ သွင်းထုတ်/ ပြစ်မှုဆိုင်ရာ ပုဒ်မများ ဖြင့် ဥပဒေကြောင်း အရ အမှုဖွင့်လှစ် ခဲ့ကာ တရားခံပြေးများ အဖြစ် ကြေညာခဲ့ကြောင်း။



ဖုန်ကြားရှင် ထွက်ပြေး တိမ်းရှောင်ပြီးနောက် ကိုးကန့်နယ်မြေ ၏ အေးချမ်း တည်ငြိမ်မှုကို ဆက်လက် ထိန်းသိမ်းရန် လိုအပ်ခြင်း၊ နိုင်ငံတော်၏ ဦးဆောင်မှု အောက်တွင် နယ်မြေဖွံ့ဖြိုး တိုးတက်ရေးကို ဆက်လက် ဆောင်ရွက်ရန် လိုအပ်ခြင်း၊ အထူးဒေသ(၁) တွင် ခေါင်းဆောင်မှု ကင်းမဲ့ သွားခြင်း တို့ကြောင့် ကိုးကန့်ဒေသ ယာယီဦးစီး ကော်မတီ ကို ၂ဝဝ၉ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဦးပယ်စောက်ချိန် အား ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်း ပေးအပ်ခဲ့ကြောင်း၊ ထိုအ ခြေအနေကို ကျေနပ် မှုမရှိ၍ ရန်လုံကျိုင်း နယ်စပ် စစ်ဆေးရေး ဂိတ်တွင် ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး ၅၂ ဦးအား ဖုန်တာရွှင် တပ်များမှ ပိတ်ဆို့ ထားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များအား ပြန်လည် စေလွှတ်ပေးရန် ဆက်သွယ်ပြောဆို သော်လည်း စေလွှတ်ပေးခြင်း မရှိသဖြင့် သွားရောက် ကယ်ထုတ်ခဲ့ရာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင် ၁၄ ဦးအား ရဲစခန်း အချုပ်ခန်း အတွင်း၌ လူမဆန်စွာ သတ်ဖြတ်ခဲ့ ပါကြောင်း၊ ထို့အပြင် တပ်မတော်၏ လှုပ်ရှား စစ်ကြောင်းများ နှင့် စခန်းများ ကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့၍ သြဂုတ်လ ၈ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ပြည်သာယာ စစ်ဆင်ရေးက ဆင်နွှဲခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၂၄ ဦးအား ကယ်တင် နိုင်ခဲ့ပါကြောင်း၊ တိုက်ပွဲတွင် လက်နက်ကြီး ၂၂ လက်၊ လက်နက်ငယ် ၂ဝဝ၈ လက်၊ ခဲယမ်းမျိုးစုံ ၁၉၈၆၃ဝ၁ တောင့်၊ မိုင်းမျိုးစုံ ၂၄ဝ၆ လုံး၊ ဒုံးသီးမျိုးစုံ ၁ဝ၁၆ လုံး၊ ယာဉ် ၃၅ စီး၊ ဆေးပြားရိုက်စက် သုံးလုံး၊ မူးယစ်ဆေးဝါး ဆေးပြားမျိုးစုံ ၁၄၆၈၁၅၂ ပြား၊ အက်ဖီဒရင်း ၇၉၆၅၂ဝဝ ပြားတို့နှင့် ဘိန်းဖြူ၊ ဘိန်းမည်း၊ ဓာတုဆက်စပ် ပစ္စည်း စုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂ဝ ကျော်ခန့် သိမ်းဆည်း ရမိခဲ့ကြောင်း။




အထက်ပါဖြစ်စဉ် ဖြစ်ပွားပြီးနောက် လောက်ကိုင်မြို့နယ်၊ စီအောကျေးရွာ တွင်အမှတ်(၁ဝဝ၆) နယ်ခြားစောင့်တပ် အဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ဖွင့်လှစ် ပေးခဲ့ကြောင်း၊ ၂ဝ၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် ဦးစိုင်းလင်း မှ ဖုန်ကြားရှင် အား ဖမ်းဝရမ်း ရုပ်သိမ်း ၍ တိုင်းရင်းသား လူမျိုးပေါင်းစုံထံ ပြန်လည် ဝင်ရောက်နိုင်ရန် အတွက် နိုင်ငံတော်မှ လက်ခံပေးပါရန် နိုင်ငံတော် သမ္မတထံသို့ အသနား ခံစာတင်ပြ လာခဲ့ကြောင်း၊ နိုင်ငံတော် သမ္မတ မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကို ရှေးရှု၍ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ကြောင်း၊ သို့သော်လည်း ဖုန်ကြားရှင် အဖွဲ့သည် မူးယစ်ဆေးဝါး နှင့် အခြားနည်းလမ်း များမှရရှိသော ငွေကြေး ပိုင်ဆိုင်မှု များကို တရုတ်နိုင်ငံနှင့် မိုင်းလား တို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထား ပါကြောင်း။ 

၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၂၅ ရက်တွင် တမူးမြို့ ၃ မိုင်စစ်ဆေးရေးဂိတ်၌ ပူးပေါင်းအဖွဲ့ မှ တရုတ်နိုင်ငံသားရှစ်ဦးအား လက်နက် မျိုးစုံရှစ်လက်၊ လက်ပစ်ဗုံး ၃၁ လုံး၊ လက်နက်၊ ခဲယမ်းဆက်စပ် ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း၊ စစ်ကြောချက်များ အရ ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ ငွေကြေးဖြင့် မက်လုံးပေး၍ ကိုးကန့် သောင်းကျန်းသူ အဖွဲ့အတွင်း ဝင်ရောက် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၄င်းတို့ရှစ်ဦးသည် မိုင်းလားမြို့ သွေးစည်း ညီညွတ်ရေး တပ်ဌာန ချုပ်ရှိ စစ်သားစုဆောင်းရေး စခန်းသို့ ရောက်ရှိခဲ့ကြောင်း၊ မိုင်းလားတွင် လူသစ်စုဆောင်း သိမ်းသွင်းခံရ သူများ၌ တရုတ်လူမျိုး၊ ''ဝ'' လူမျိုး၊ ကိုးကန့်လူမျိုးများ ဖြစ်ကြကြောင်း၊ ၄င်း တို့ရှစ်ဦးသည် သံလွင်မြစ် အနောက်ခြမ်း မုံးယော်၊ မုံးကျက်ဒေသ အတွင်း နယ်မြေလှုပ်ရှား ဆောင်ရွက်စဉ် မျှော်မှန်းထား သကဲ့သို့ လစာ၊ ရိက္ခာမရရှိခြင်း၊ နှိမ့်ချဆက်ဆံမှု များရှိခြင်း တို့ကြောင့် ထွက်ခွင့်တောင်း ရာတွင် ခွင့်မပြု ခြင်းကြောင့် ဒုတပ်ခွဲမှူး ဖြစ်သူ ဝုန်ကျားဖူ ကို လုပ်ကြံသတ်ဖြတ် ၍ ထွက်ပြေး လာခဲ့ခြင်း ဖြစ်ကြောင်း။

ကိုးကန့် သောင်းကျန်းသူ အဖွဲ့သည် ၄င်း တို့နယ်မြေကို ပြန်လည်ရယူနိုင်ရေး အတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းများဖြင့် လူ/လက်နက် အင်အားတောင့်တင်း အောင် ဆောင်ရွက်ခဲ့ကြောင်း၊ တစ်ဖွဲ့တည်း အင်အားဖြင့် မဖြစ်နိုင်၍ အခြားသော အဖွဲ့အစည်းများ ဖြစ်သည့် UWSA ၊ NDAA ၊ KIA နှင့် TNLA အဖွဲ့တို့၏ အကူအညီဖြင့် တပ်ပေါင်းစု ဖွဲ့စည်းကာ အင်အား တည်ဆောက်လျက် ရှိကြောင်း၊ ၄င်းတို့ အနေဖြင့် လောင်းကစားရုံ လုပ်ငန်း၊ မူးယစ်ဆေးဝါး လုပ်ငန်းများ၊ အခြား ကောက်ခံရရှိသော ငွေများ၊ အခြားအဖွဲ့ များ၏ အားပေးကူညီမှု များဖြင့် ရပ်တည်လျက် ရှိပါကြောင်း၊ လက်နက်များ အနေဖြင့် အေကေ-၄၇၊ အမ်- ၁၆၊ ပုံစံ-၅၆- ၁ ချေမှုန်း ရေးရိုင်ဖယ်၊  WUSA (ဝ)အဖွဲ့မှ ထုတ်လုပ်သည်ဟု သိရသော ပုံစံ-၈၁-၁ ချေမှုန်းရေး ရိုင်ဖယ် အစရှိသော လက်နက်ငယ်များ ကိုယ်စီ တပ်ဆင်ပေးထားပြီး လက်ပစ်ဗုံး၊ မိုင်း၊ လောင်ချာ၊ စိန်ပြောင်း၊ စက်ကြီးများ တပ်ဆင်ထားရှိ ပါကြောင်း။




တိုင်းရင်းသား သွေးစည်း ညီညွတ်ရေး တပ်တွင် KIA မှ အင်အား ၃ဝဝ ခန့်ရှိသော တပ်ရင်းတစ်ရင်း၊ UWSA (ဝ)တပ်ဖွဲ့မှ တပ်ရင်းလေးရင်း ပါဝင်သော တပ်မဟာ တစ်ခုနှင့် ကိုးကန့် သောင်းကျန်းသူ အင်အား ၁ဝဝဝ ခန့် ရှိကြောင်း၊ တပ်ပေါင်းစု တပ်မတော်၏ ရည်ရွယ်ချက်မှာ ကိုးကန့်ဒေသ တစ်ခုလုံးအား တိုက်ခိုက်သိမ်းယူ သွားရန်နှင့် ၄င်းမှတစ်ဆင့် မြန်မာ-တရုတ် နယ်စပ် မုံးကိုး၊ ဖောင်းဆိုင်မှ မြစ်ကြီးနား ဘက်သို့ ချီတက် တိုက်ခိုက် သိမ်းပိုက် သွားရန် ဖြစ်ကြောင်းဖြင့် ဖော်ထုတ်သိရှိ ခဲ့ရပါကြောင်း။

၂ဝ၁၄ ခုနှစ်၊ ဧပြီ၊ မေလများတွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ အလင်းဝင် လေးဦးနှင့် ဖမ်းဆီးရမိသူ နှစ်ဦးတို့ကို စစ်ကြောချက်များ အရ ယင်းအချက်များကို အတည်ပြု နိုင်ခဲ့ကြောင်း၊ ကိုးကန့် သောင်းကျန်းသူ အဖွဲ့သည် မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယား ဒေသများတွင် ငွေကြေးဖြင့် လည်းကောင်း၊ အကြောက်တရား ဖြင့်လည်းကောင်း၊ စည်းရုံးသိမ်းသွင်း၍ လွှမ်းမိုး ချုပ်ကိုင်ကာလူ၊ လက်နက်၊ အင်အားစုဖွဲ့ပြီး အခြေခံ နယ်မြေ တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စ၍ ဖုန်ကြားရှင် ဦးစီးအင်အား ၁ဝဝဝ ခန့်သည် မိုင်းလားတွင် အင်အားစုစည်း လေ့ကျင့်မှု များ ပြုလုပ်ခဲ့ကြောင်း၊ ဝ ဒေသရှိ တိန်းတန်၊ နားဝီး အခြေပြုစခန်းများ တည်ဆောက်ကာ ယာယီအ ခြေပြု၍ တိန်းတန်ကူးတို့ မှတစ်ဆင့် မုံးယော်၊ မုံးကျက်သို့ ဝင်ရောက်ခဲ့ပြီး KIA အင်အား ၁ဝဝ ခန့်၊ SSA (ဝမ်ဟိုင်း) ၁ဝဝ ခန့်နှင့် TNLA အင်အား ၁ဝဝ ခန့်တို့ဖြင့် ပူးပေါင်း၍ မုံးစီး၊ နမ့်ကျွမ်း၊ ဝေါခြုံ၊ မုံးကိုးနှင့် မုံးယား ဒေသများသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၄ ခုနှစ်၊ ဧပြီ ၂၁ ရက်တွင် ဖုန်တာရွှင် ခေါင်းဆောင်သော အင်အား ၃ဝဝ ဦးခန့်မှာ မန်ကန်ရွာ သို့လည်းကောင်း၊ KIA အဖွဲ့မှ တောက်ဟုန် ခေါင်းဆောင်သော အင်အား ၈ဝ ခန့်နှင့် TNLA အဖွဲ့မှ ၁၂ဝ ခန့်သည် မန်ဂျယ်ကျေးရွာ သို့လည်းကောင်း၊ ဖုန်ဝမ်အမ်း ခေါင်းဆောင်သော အင်အား ၁ဝဝ ခန့်နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့မှ စိုင်းလောဝ်ခေါင်း ဆောင်သော အင်အား ၁ဝဝ ခန့်သည် မုံးပေါ်လေး တံတားမှ တာပါးတံတား သို့လည်း ကောင်း ချီတက်ခဲ့၍ လောက်ကိုင်၊ မုံးကိုး ဒေသအား တိုက်ခိုက်ရန် လမ်းကြောင်းသုံး ကြောင်းဖြင့် ဝင်ရောက် ခဲ့ကြောင်း၊ တပ်မတော် မှ ကြိုတင်သတင်း ရရှိ၍ နယ်မြေရှင်းလင်း ခြင်းဆောင်ရွက် ခဲ့ရာ လောက်ကိုင်အား သိမ်းပိုက်မည့် ၄င်းတို့၏ ရည်ရွယ်ချက် အောင်မြင်မှု မရရှိဘဲ တာမုံဝါးသို့ ဆုတ်ခွာ စောင့်ဆိုင်း ခဲ့ကြောင်း၊ ကျန်အဖွဲ့များ လောက်ကိုင်ဒေသ ကျေးရွာများတွင် စိမ့်ဝင်၍ အရပ်သား အသွင် တပ်ဖျောက် သွားခဲ့ကြောင်း။

၂ဝ၁၄ ခုနှစ်၊ အောက်တိုဘာ တွင် အင်အား ၃၂ဝ ခန့်သည် လွင်ကန်ဒေသ တစ်ဝိုက် ပြန်လည်ရောက်ရှိ ဖြန့်ခွဲခိုအောင်း ခဲ့ကြောင်း၊ နိုဝင်ဘာ တတိယပတ်တွင် သိန်းနီမြို့နယ်၊ မန်လင်ကျေးရွာ အုပ်စုမြောက်ဘက် ရှိ တောင်ကုန်းများသို့ ဝင်ရောက်လှုပ်ရှား ခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းများ သတင်းအရ ဝင်ရောက်ရှင်းလင်း ခဲ့၍ နမ့်ကျွမ်း၊ ဝေါခြုံနှင့် မုံးပေါ်လေး နယ်မြေတစ်ဝိုက် တိမ်းရှောင် တပ်ဖျောက် သွားခဲ့ကြောင်း၊ ၄င်းအဖွဲ့တွင် KIA ၊ TNLA ၊ SSA (ဝမ်ဟိုင်း) အဖွဲ့များလည်း ပါဝင်သည်ဟု ဖော်ထုတ် နိုင်ခဲ့ပါကြောင်း၊ ၄င်းအဖွဲ့များသည် လောက်ကိုင်ဒေသ အတွင်း ဆက်သွယ်ရေး လမ်းကြောင်းများသို့ ဝင်ရောက်၍ တပ်မတော် စစ်ကြောင်းများအား မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ အရပ်သားများအား ဖမ်းဆီးခြင်းတို့ လုပ်ဆောင်ခဲ့၍ နယ်မြေ ရှင်းလင်းရာ တိုက်ပွဲကြီး/ ငယ် ၂ဝ ကြိမ်ခန့်ဖြစ်ပွား ခဲ့ပြီး ရန်သူ အလောင်း ငါးလောင်း၊ ဖမ်းမိတစ်ဦး၊ အလင်းဝင် ၁၇ ဦး သိမ်းဆည်း ရမိကာ တပ်မတော်မှ စစ်သည် ၁၂ ဦး အသက်ပေးလှူ ခဲ့ပြီး အရာရှိ သုံးဦး၊ စစ်သည် ၃၃ ဦး ဒဏ်ရာရရှိခဲ့ ပါကြောင်း၊ ကိုးကန့် သောင်းကျန်းသူ အဖွဲ့ တပ်လှုပ်ရှားမှု နှင့် တစ်ချိန်တည်းတွင် ဒီဇင်ဘာလ ၁၅ ရက်၌ တရုတ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ် ဘီပီ-၁၂၇ ၏ အရှေ့ဘက် ၃ မိုင်အကွာ တရုတ်နိုင်ငံ ၊ မိန်းတိန် ၊ နမ့်ဆန် ကားလမ်းပေါ်တွင် ယာဉ်ကြီး နှစ်စီးပေါ်မှ မောင်းပြန်ရိုင်ဖယ် သေနတ် ၆၁၁ လက် ၊ ကျည် ၁၂၆၀၀ တောင့်နှင့် ၄၀-မ် ရော့ကတ်လောင်ချ ၃၀၀ ခန့် ၊ ၄၀-မမ ဒုံးကျည် ၁၀၀၀ ကျော်တို့အား သံသယရှိသူ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း ၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ် စစ်သံရုံး (ရန်ကုန်) သို့ မေးမြန်းရာ တရုတ် စစ်သံရုံးမှ စုံစမ်းစစ်ဆေးမှု များပြုလုပ်ဆဲ ဖြစ်ကြောင်း၊ ဖမ်းဆီးရမိ သည့် သုံးဦးအား စစ်ဆေးမှုများ ပြုလုပ်ဆဲ ဖြစ်ကြောင်း၊ လက်နက်၊ ခဲယမ်း မှောင်ခိုခြင်းသည် တရုတ် ပြည်တွင်းတွင် အရေးကြီးသော ကိစ္စဖြစ်ပြီး တရုတ်နိုင်ငံ ဥပဒေနှင့် အညီ စုံစမ်း စစ်ဆေးမည် ဖြစ်ကြောင်း၊ နယ်စပ်အေးချမ်း တည်ငြိမ်ရေး အတွက် တရုတ်နိုင်ငံဘက်မှ အဓိကထားပြီး အထူးစုံစမ်းရေး အဖွဲ့အား ဖွဲ့စည်း စုံစမ်းမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မည်သည့် လက်နက်မှောင်ခိုနှင့် မှုခင်းများကို မဆို မြန်မာနိုင်ငံနှင့် ပူးပေါင်းနှိမ်နင်း ၍ Sino- Myanmar နယ်စပ် အေးချမ်း တည်ငြိမ်ရေး အတွက် ဆောင်ရွက် သွားမည်ဟု ပြန်လည်ပြောကြား ခဲ့ပါကြောင်း။

၂ဝ၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့ Want China Times အွန်လိုင်း စာမျက်နှာတွင် ဖော်ပြပါရှိသော သတင်း ဆောင်းပါးတွင် ဖုန်ကြားရှင် သည် Global Time သတင်းဌာနနှင့် တွေ့ဆုံ ပြောကြားချက် ၌ ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကို ဦးဆောင်၍ မြန်မာ့ တပ်မတော် နှင့် ပြန်လည်ရင်ဆိုင် တိုက်ခိုက်ရန် လုပ်ဆောင် ထားရှိသည်ဟု ပြောကြား ခဲ့ကြောင်း။

လတ်တလော ဖြစ်ပွားနေသည့် လောက်ကိုင် ဒေသအား သောင်းကျန်းသူများ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ရာတွင် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ အင်အားစု အချို့သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ ကွမ်းလုံမြို့ မြောက်ဘက်ရှိ တောင်ရွှေ ကျေးရွာသို့ မော်တော်ယာဉ် များဖြင့် ရောက်ရှိလာပြီး ကျေးရွာ ပြည်သူ့စစ် များထံမှ လက်နက်ငယ် ၈ လက် သိမ်းယူ သွားခဲ့ကြောင်း၊ တပ်မတော် စစ်ကြောင်းက လိုက်လံ ရှင်းလင်း ရာတွင် ယာယီခံစစ် ယူထားသည့် ကိုးကန့် သောင်းကျန်းသူ အင်အားစု များနှင့် စတင် ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ တစ်ချိန် တည်းတွင် ကုန်းကြမ်းနှင့် ညံခွမ်းလမ်း ၁၈ မိုင် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းနှင့် ကိုးကန့် သောင်းကျန်းသူ အင်အားစုများ နှစ်ကြိမ်တိုင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ နယ်နိမိတ် မှတ်တိုင်အမှတ်၊ ဘီပီ -၁၆၁ (၁)အနီးရှိ မော်ထိုက်မြို့ တစ်ဝိုက် လုံခြုံရေး တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်စခန်း ကိုလည်း နှစ်ကြိမ်ဝင်ရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁ဝ ရက်တွင် ညံခွမ်းနှင့် ၁၈ မိုင်ကြား တစ်ဝိုက်၌ ကိုးကန့် အင်အားစု အချို့နှင့် ထပ်မံတွေ့ဆုံ တိုက်ပွဲဖြစ်ပွား ခဲ့ရာ ၄င်းနေရာသို့ တပ်မတော် စစ်ကြောင်းက လောက်ကိုင်မြို့ မှ စစ်ကူသွားရောက် စဉ် ၁၈ မိုင်နှင့် တာရွှေထန်ကြား သောင်းကျန်းသူ အင်အား ၂ဝဝ ခန့်က အသင့်စောင့်ကြို တိုက်ခိုက် ခဲ့သဖြင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် မိမိ စစ်ကြောင်း အနေဖြင့် အဆိုပါ နေရာသို့ မရောက်မီ ၁ မိုင်ခန့်အကွာရှိ အလုပ်သမား တဲတန်းလျားတွင် ရန်သူ့သတင်း ထောက်လှမ်းရာ နယ်မြေရှင်းလင်း ကြောင်းသိရ၍ စစ်နည်းဗျူဟာ အရ လျင်မြန်မှုကို ဦးစားပေးသည့် အသွင်ဖြင့် ဆက်လက် ချီတက်ခဲ့ကြောင်း၊ တိုက်ပွဲနေရာ အနီး တောင်ကုန်း အတက် ကားလမ်းပေါ်တွင် ကျောက်တုံးများ ချထားသဖြင့် ပုံမှန် အနေအထား မဟုတ်ကြောင်း စစ်ကြောင်းမှူး မှ သုံးသပ်၍ ယာဉ်များအား ချက်ချင်းရပ်တန့် စေကာ တောင်ကုန်းအား ရှင်းလင်းစဉ် ကိုက် ၅ဝ ခန့်အကွာမှ ကြိုတင် နေရာယူထားသည့် ရန်သူအင်အား ၂ဝဝ ခန့်သည် ပုံသေပစ်ကြောင်း ယူ၍ တရုတ် စက်လတ်များ အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြင်းထန်စွာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း။

တပ်မတော်ဘက်မှ တိုက်ခိုက်ရေး လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အပါအဝင် ပစ်ကူများ အသုံးပြု၍ ကျားကုတ် ကျားခဲ တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှု များစွာဖြင့် မြန်မာ- တရုတ် နယ်နိမိတ် မှတ်တိုင် ဘီပီ-၁၁၇ သို့ဆုတ်ခွာ သွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ ၁ ဦး၊ စစ်သည် ၂၉ ဦးကျဆုံးခဲ့၍ အရာရှိ ၈ ဦး၊ စစ်သည် ၃၉ ဦးဒဏ်ရာ ရရှိ ခဲ့ပါကြောင်း။

အဆိုပါ ဒေသသည် တောထူထပ်ပြီး တောင်များမြင့်မား မတ်စောက်သော ဒေသဖြစ်ပြီး တောင်ပေါ် တောတွင်း တိုက်ပွဲများသည် မြေအခြေအနေကို အကျိုးရှိစွာ အသုံးချနိုင်ပါက တိုက်ကွက်ဖော်သူ အဖို့ အကျိုးအမြတ်များ ရရှိ နိုင်သောကြောင့် လုံခြုံမှုထက် လျင်မြန်မှုကို ဦးစားပေးရသော အခြေအနေတွင် စွန့်စားမှုများဖြင့် ရန်သူ၏ အခြေအနေ ဖန်တီးနိုင်ခွင့် ကို ရိုက်ချိုးဖျက်ဆီးရန် လိုအပ်ပါကြောင်း၊ ၄င်း အခြေအနေ မျိုးတွင် မိမိဘက် မှ ထိခိုက်ဆုံးရှုံး မှုများလည်း ရှိနိုင်မည်ကို စစ် ခေါင်းဆောင်များ အနေဖြင့် တွက်ဆထားပြီး ဖြစ်ပါကြောင်း။

ဖေဖော်ဝါရီ ၁ဝ ရက် ညပိုင်းနှင့် ၁၁ ရက် နံနက်ပိုင်း တို့တွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ အင်အားစု အချို့သည် လောက်ကိုင် တပ်နယ်သို့ လည်းကောင်း၊ အင်အားစု အချို့သည် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံး သို့လည်းကောင်း၊ အင်အားစု အချို့သည် ဆီအော့ အကျဉ်းဦးစီး ဌာနသို့ လည်းကောင်း၊ အင်အားစု အချို့သည် ရန်လုံကျိုင်း ရဲစခန်းသို့ လည်းကောင်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်းများ နှင့် ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွား ခဲ့ပါကြောင်း။ 

ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းနှင့် ၁၂ ရက် နံနက်ပိုင်းတို့တွင် လောက်ကိုင် တပ်နယ် အတွင်းရှိ တပ်ရင်း၊ တပ်ဖွဲ့များ ကုန်းကြမ်းရှိ တပ်ရင်း ဌာနချုပ်နှင့် ရန်လုံကျိုင်း မဆုတ်တမ်း ခံစစ်စခန်း များအား ဝင်ရောက် တိုက်ခိုက်ခဲ့ ၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် တစ်ကြိမ် ပစ်ကူပေး တိုက်ခိုက်ခဲ့ ရပါကြောင်း။

ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းတွင် တရုတ် နိုင်ငံနယ်စပ် အနီး ရီရှင်း၊ မာအိုက်ချန် လမ်းကြောင်းအတိုင်း ကိုးကန့် သောင်းကျန်းသူ များအား တင်ဆောင်လာသော မော်တော်ယာဉ်အစီး ၅ဝ ခန့်သည် မီးရောင်တန်း များဖြင့် ဝင်ရောက်လာ ခဲ့သဖြင့် လောက်ကိုင်ရှိ မိမိတပ်များမှ လက်နက်ကြီး များဖြင့် ပစ်ခတ်၍ ကြိုတင်ချေမှုန်း ခဲ့ရကြောင်း၊ အလားတူ ဝမ်ဟိုထမ် ဘက်မှ ဝင်ရောက်လာသော ကိုးကန့် သောင်းကျန်းသူများ စီးနင်းလာသည့် မော်တော်ယာဉ် အစီး ၅ဝ ခန့်ကိုလည်း လက်နက်ကြီး များဖြင့် ကြိုတင်ပစ်ခတ် ချေမှုန်းရာ သောင်းကျန်းသူ အဖွဲ့များသည် ရည်ရွယ်ချက် ပျက်ပြားပြီး ပြန်လည်ဆုတ်ခွာ သွားခဲ့ရကြောင်း။

လောက်ကိုင်ဒေသ ဖြစ်စဉ်သည် အချုပ်အခြာအာဏာ နှင့် သက်ဆိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ဖုန်ကြားရှင် ခေါင်းဆောင်သည့် သောင်းကျန်းသူ အဖွဲ့သည် လောက်ကိုင် ဒေသအား တိုက်ခိုက် သိမ်းပိုက်ပြီး ရွေးချယ် တင်မြှောက် ထားသည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့အား ဖြုတ်ချ၍ အာဏာသိမ်းရန် ဖြစ်ရာ နိုင်ငံတော် အစိုးရ၏ အစိတ်အပိုင်း တစ်ခုအား တိုက်ခိုက် လာခြင်း ဖြစ်သဖြင့် တပ်မတော် အနေဖြင့် လုံးဝ လက်မခံကြောင်း၊ လုံးဝ အလျှော့ပေးမည် မဟုတ်ကြောင်း၊ မိမိတို့ ရရှိထားသော အထောက်အထားများ အရ လောက်ကိုင် ဖြစ်စဉ်တွင် မိုင်းလားအဖွဲ့၊ 'ဝ'အဖွဲ့၊ KIA အဖွဲ့၊ TNLA အဖွဲ့၊ SSA (ဝမ်ဟိုင်း)အဖွဲ့ များမှ ပါဝင်မှုများ ရှိနေကြောင်း သိရှိရသဖြင့် ယင်းအတွက် ကိုလည်း သက်ဆိုင်ရာ အဖွဲ့များ အနေဖြင့် တာဝန်ယူရမည် ဖြစ်ကြောင်းကို သတိပေးထားပြီး ဖြစ်ပါကြောင်း။

လက်ရှိ လောက်ကိုင်မြို့ တွင် အစိုးရ အုပ်ချုပ်မှု ယန္တရား ရပ်ဆိုင်းသွားပြီး ဒေသ အာဏာပိုင် အဖွဲ့အစည်းမှ တာဝန်ရှိ သူများမှာလည်း ၄င်းတို့၏ အသက် အန္တရာယ်ကြောင့် လောက်ကိုင် ဒေသမှ စွန့်ခွာသွားခဲ့သော်လည်း အစိုးရဌာန အဆောက်အအုံ အားလုံးအား တပ်မတော်မှ ထိန်းသိမ်း ကာကွယ်ထားရှိ နိုင်ခဲ့ပါကြောင်း၊ သောင်းကျန်းသူများ အနေဖြင့် လောက်ကိုင်မြို့ အတွင်း အရပ်သားများနှင့် ရောနှောကာ အရပ်သား အသွင်ပုန်းအောင်း နေထိုင်ပြီး တပ်မတော် စစ်ကြောင်းများကို အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်မှုများ ပြုလုပ်နေသဖြင့် လက်ရှိ ကာလတွင် ရှင်းလင်း ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း။

လတ်တလော အခြေအနေအရ ဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ် အခြေအနေ ကြေညာခြင်းနှင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခြင်း တို့ကို ဆောင်ရွက်ခဲ့ ပါကြောင်း၊ တိုက်ပွဲရှောင် စခန်းများသို့ ရောက်ရှိ နေကြသည့် အရပ်သား ပြည်သူများအား လောက်ကိုင်ဒေသ သို့ ပြန်လည် ဝင်ရောက် နေထိုင်နိုင်ရန် အကြောင်းကြား၍ လိုအပ်သော ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိပြီး ဝန်ထမ်းများနှင့် မိသားစုများ ကိုလည်း တပ်မတော်မှ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထား ရှိပါကြောင်း။

ဖုန်ကြားရှင် အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ၄င်းတို့မှာ တရုတ်လူမျိုး ဟန်မျိုးနွယ်များ ဖြစ်ကြောင်း၊ မြန်မာအစိုးရမှ တရုတ် မျိုးနွယ်စုများကို နှိပ်စက်နေခြင်း ဖြစ်၍ လူမျိုးရေးအရ ကူညီပေးကြ ပါရန် တရုတ် အင်တာနက် စာမျက်နှာများမှ တစ်ဆင့် ဝါဒဖြန့်လျက် ရှိသလို တစ်ဖက်တွင်လည်း နိုင်ငံတော် သမ္မတကြီးထံ တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးထဲတွင် အပါအဝင် ဖြစ်သော ညီနောင် တိုင်းရင်းသားများ အပေါ်တွင် သနားငဲ့ညှာစွာ စဉ်းစားပေး စေလိုကြောင်း၊ နည်းလမ်း ပေါင်းစုံဖြင့် ဝါဒဖြန့်လျက် ရှိပါကြောင်း။

ဖေဖော်ဝါရီ ၁၆ ရက်တွင် ဖုန်ကြားရှင် မှ နိုင်ငံတော် သမ္မတထံ သို့ ကိုးကန့် တိုင်းရင်းသား များသည်လည်း နိုင်ငံတော်၏ တာဝန်နှင့် ဝတ္တရားများကို နိုင်ငံတော်၏ မိသားစု အဖွဲ့ဝင် အနေဖြင့် ထမ်းဆောင်ချင် ပါကြောင်း အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်ဟု သိရှိရ ပါကြောင်း၊ လောက်ကိုင်ဒေသ တိုက်ပွဲစဉ် များတွင် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့အထိ မြန်မာ့ တပ်မတော်မှ အရာရှိ ၇ ဦး၊ စစ်သည် ၄၈ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး အရာရှိ ၁၂ ဦး၊ စစ်သည် ၉၆ ဦး ဒဏ်ရာရရှိ ခဲ့ပါကြောင်း။

တပ်မတော်အနေဖြင့် ဒဏ်ရာရ အရာရှိနှင့် စစ်သည်များအား သယ်ယူ ပို့ဆောင်ရေး ရဟတ်ယာဉ်များဖြင့် လားရှိုးနှင့် ပြင်ဦးလွင်ရှိ တပ်မတော် ဆေးရုံများသို့ အချိန်နှင့် တစ်ပြေးညီ သယ်ယူပို့ဆောင် ပေးခဲ့ပြီး ဆေးဝါးကုသမှု များ ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ လောက်ကိုင်၊ ကုန်းကြမ်းနယ်မြေ များရှိ ဌာနချုပ် အသီးသီးမှ ရဲမေနှင့် မိသားစုဝင်များ ကိုလည်း နောက်တန်း ဌာနချုပ်များတွင် အန္တရာယ် ကင်းရှင်းစွာ ကာကွယ်ပေးလျက် ရှိပါကြောင်း၊ ရန်သူ့ ဆုံးရှုံးမှုအနေဖြင့် အခြားသတင်းများ အရ တပ်မဟာမှူး အဆင့်ရှိသူ ၁ ဦး၊ အထူး တိုက်ခိုက်ရေး တပ်ရင်းမှူး အဆင့်ရှိသူ ၁ ဦးအပါအဝင် ၇၂ ဦးခန့် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၁၅ လက်၊ ခဲယမ်းမျိုးစုံ၊ မိုင်းနှင့် မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်း ရမိခဲ့ပါကြောင်း။

ဖေဖော်ဝါရီ ၁၇ ရက်တွင် လောက်ကိုင်တွင် ပိတ်မိနေသော ရွှေ့ပြောင်း လုပ်သားများကို ကူညီပို့ဆောင် လာသော အဖွဲ့၏ ယာဉ်တန်းသည် လောက်ကိုင်မြို့မှ ကြက်ခြေနီအလံ လွှင့်တင်ပြီး ထွက်ခွာလာရာ ပါစင်ကျော် နှင့် ချင်းရွှေဟော်ကြား သို့ရောက်ရှိစဉ် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ ချုံခိုပစ်ခတ် တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကြက်ခြေနီ တပ်ဖွဲ့ဝင် ဦးဇော်မင်း ထိုက်သည် မျက်စိထိမှန် ဒဏ်ရာနှင့် ဦးမိုးကျော်သန်း မှာ ဝမ်းဗိုက်တွင် လက်နက်ငယ် ကျည်ထိမှန် ဒဏ်ရာများ အသီးသီးရ ရှိခဲ့ပါကြောင်း။ ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် စစ်ကြောင်းများက နယ်မြေအား ဆက်လက်ရှင်းလင်း ဆောင်ရွက်လျက် ရှိပါကြောင်း။

ကိုးကန့် သောင်းကျန်းသူ အဖွဲ့အနေဖြင့် နိုင်ငံတော် အစိုးရ၏ အချုပ်အခြာ အာဏာပိုင်ဆိုင်သော လောက်ကိုင်၊ ကုန်းကြမ်း၊ တာရွှေထန် ဒေသတို့အား အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အကူအညီများ ရယူ၍ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ သဖြင့် တပ်မတော် အနေဖြင့် ဒေသခံပြည်သူ လူထုနှင့် တပ်မတော်သား များ၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် ရပ်တည် ဆောင်ရွက်လျက် ရှိပါကြောင်း၊ လောက်ကိုင်ဒေသ အား မူလ အခြေအနေကို ပြန်လည်ေ ရာက်ရှိကာ ဒေသခံ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် သောင်းကျန်းသူများ အခြေချ လှုပ်ရှားမှု မရှိစေရေးနှင့် နယ်စပ်ဒေသ တစ်လျှောက် စိမ့်ဝင် ထိုးဖောက်ခြင်း မပြုနိုင်ရေး အစွမ်းကုန် ကြိုးပမ်း ရှင်းလင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း နှင့် လက်ရှိဒေသ အခြေအနေမှာ တစ်စတစ်စ တည်ငြိမ် တိုးတက်မှု ရှိလာပြီဖြစ် ပါကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက် လာသော Tomorrow၊ Sankei Shimbun ၊ Yangon Media Group ၊ Ji Ji Press ၊ Messenger ၊ AFP ၊ Trade Time  သတင်းဌာနတို့မှ သိရှိလိုသည်များ မေးမြန်းမှု အပေါ် ပြန်လည် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တက်ရောက် လာသူများ က ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် မှတ်တမ်း ဓာတ်ပုံများနှင့် အထောက်အထား စာရွက်စာတမ်း များအား လှည့်လည် ကြည့်ရှုရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသ ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, February 18, 2015

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး အား စစ်အုပ်ချုပ်ရေးအာဏာလွှဲအပ်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
စစ်အုပ်ချုပ်ရေးကြေညာချက်အမှတ်(၁)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၄)ရက်
၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်

ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂ဝ၈၃ဝ ဗိုလ်မှူးကြီးစောမြင့်ဦးအား စစ်အုပ်ချုပ်ရေးအာဏာလွှဲအပ်ခြင်း

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံးသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ ၁၃၇၆ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁၄) ရက်၊ ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်၊ အင်္ဂါနေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ်(၂/၂ဝ၁၅)၏ အပိုဒ်(၂) နှင့် (၃) တို့အရ ကျွန်ုပ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း၊ စစ်အုပ်ချုပ်ရေး ဒေသအဖြစ် ကြေညာ ထားသော ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကျင့်သုံး ဆောင်ရွက်ရန် ဒေသ ကွပ်ကဲရေးမှူး၊ ပြန်တမ်းဝင် အမှတ်၊ ကြည်း ၂ဝ၈၃ဝ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်) အား ၁၃၇၆ ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၁၄) ရက်၊ ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်၊ အင်္ဂါနေ့မှ အစပြု၍ လွှဲအပ် လိုက်သည်။

(ပုံ)မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ်(၂/၂ဝ၁၅)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်း

၁။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်(၁/၂ဝ၁၅) ဖြင့် အရေးပေါ် အခြေအနေ ကြေညာ ထားသည့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် မူလ အခြေအနေသို့ အမြန်ပြန်လည် ရောက်ရှိစေခြင်းငှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန် လိုက်သည်။

၂။ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို လည်းကောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အပ်နှင်း လိုက်သည်။

၃။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ယင်း လုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံး ဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက် အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက် စေခြင်း ပြုနိုင်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အရေးပေါ် အခြေအနေကြေညာ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၁/၂ဝ၁၅)

၁၃၇၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၄ ရက်
(၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်)

အရေးပေါ်အခြေအနေကြေညာခြင်း

၁။ ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်၍ ကိုးကန့် သောင်းကျန်းသူ အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် တည်ငြိမ် အေးချမ်းမှု ပျက်ပြား လာသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ တားမြစ်မိန့် ထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက် ခဲ့ပါသည်။

၂။ သို့သော်လည်း အကြမ်းဖက် တိုက်ခိုက်မှု များမှာ ပိုမိုများပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန် ဆောင်ရွက်ရုံဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိ ရပါသည်။ ဤကဲ့သို့ ပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါး အန္တရာယ် ပြုသည့် အရေးပေါ် အခြေအနေ ပေါ်ပေါက် နေကြောင်း တွေ့ရှိရသဖြင့် ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၂၊ ပုဒ်မခွဲ(က) အရ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ယနေ့မှစ၍ အရေးပေါ် အခြေအနေ ကြေညာ လိုက်သည်။

၃။ ဤအမိန့်သည် ယနေ့မှစ၍ ရက်ပေါင်း (၉ဝ) အထိ အတည်ဖြစ်သည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger