www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အမိန့်ကြော်ငြာစာ. Show all posts
Showing posts with label အမိန့်ကြော်ငြာစာ. Show all posts

Friday, October 12, 2018

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန်ကြေညာ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် 
-
ကြေညာချက်အမှတ်(၁၅၃/၂ဝ၁၈) 
-
၁၃၈ဝ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက်၊ (၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်)
ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့်  မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာတို့နှင့်စပ်လျဉ်း၍ ထပ်မံအသိပေးထုတ်ပြန်ကြေညာခြင်း 
-
၁။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် 
မဲဆွယ်စည်းရုံးခွင့်ကာလကို ရက်ပေါင်း ၆ဝ (၃.၉.၂ဝ၁၈ ရက် နေ့ (၃.၉.၂ဝ၁၈ ရက်နေ့ နံနက် ဝ၆းဝဝ နာရီမှ ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီ နံနက် ဝ၆းဝဝ နာရီမှ ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီ
အထိ ) အထိ) ဆောင်ရွက်ကြပါရန် ၂၄.၈.၂ဝ၁၈ ရက်စွဲပါ ကြေညာချက် အမှတ် (၁၂၁/၂ဝ၁၈)ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
-
၂။ ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းအောင်မြင်စွာကျင်းပနိုင်ရေး နှင့် မဲဆန္ဒရှင်ပြည်သူလူထုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးဦးအား လွတ်လပ်စွာဆန္ဒပြုနိုင်ရန်အလို့ငှာ ၁.၁၁. ၁.၁၁.
၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်မှ ၃.၁၁.၂ဝ၁၈ ရက်နေ့  ၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်မှ ၃.၁၁.၂ဝ၁၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးသည်အထိ  ရွေးကောက်ပွဲကျင်းပပြီးသည်အထိ ရွေးကောက်ပွဲဆိုင်ရာ စုဝေး
ဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရမည်ဖြစ်ပါသည်။
-
၃။  မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများကို မဲဆွယ်စည်းရုံး ခွင့်ပြုထားသည့်နောက်ဆုံးရက် ၁.၁၁.၂ဝ၁၈ ရက်နေ့ ည ၁၂းဝဝ နာရီအချိန်နောက်ဆုံးထား၍ ဖြုတ်သိမ်းပေးရမည်ဖြစ်ပါသည်။ 
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးသည့် ကြော်ငြာ/ပိုစတာများဖြုတ် သိမ်းထားခြင်းမရှိပါက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် သက်ဆိုင်ရာမြို့တော်စည်ပင်သာယာရေးကော်မတီ သို့မဟုတ် 
မြို့နယ်စည်ပင်သာယာရေးကော်မတီများနှင့်ညှိနှိုင်း၍ ကြော်ငြာ/ ပိုစတာများအား ဖြုတ်သိမ်းသွားစေမည်ဖြစ်သည်။ ယင်းသို့ကြော်ငြာ/ ပိုစတာဖြုတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ရသည့် ကုန်ကျစရိတ်ကျ
သင့်ငွေအား သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းမှ ပြန်လည် ပေးချေရန်တာဝန်ရှိမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
-
ဥက္ကဋ္ဌ ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
#မြ၀တီနေ့စဉ်သတင်းစာ

Friday, December 2, 2016

စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း


စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၈၉/၂၀၁၆
၁၃၇၈ ခုနှစ် ၊ နတ်တော်လဆန်း ၂ ရက်
( ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက် )

၁။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၂-၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ်၊ မောင်တောဒေသ တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုများအပေါ် ဖြစ်ပွားရသည့် နောက်ခံ အခြေအနေများနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး၊ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်မှုတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိတို့ကို စစ်ဆေးသုံးသပ်ပြီး အကြံပြု တင်ပြနိုင်ရန်အတွက် "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ အမှတ် (၈၉/၂၀၁၆) ဖြင့် ဖွဲ့စည်းခဲ့သည်။ "စုံစမ်းစစ်ဆေးရေး ကော်မရှင်" ဖွဲ့စည့်းသည့် ဖွဲ့စည်းမိန့် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

  • ဦးမြင့်ဆွေ ၊ ဒုတိယသမ္မတ(၁) ( ဥက္ကဋ္ဌ )
  • ဦးအောင်ကြည် ၊ အငြိမ်းစား၊ ပြည်ထောင်စုဝန်ကြီး (အဖွဲ့ဝင်)
  • ဦးထွန်းမြတ် ၊ အငြိမ်းစား၊ ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ် (အဖွဲ့ဝင်)
  • ဒေါက်တာသက်သက်ဇင် ၊ ဥက္ကဋ္ဌ၊ အမျိုးသမီးရေးရာအဖွဲ့ချုပ် ၊ အဖွဲ့ဝင်
  • ဒေါက်တာအောင်ထွန်းသက် ၊ အငြိမ်းစား၊ ကုလသမဂ္ဂအကြီးတန်းအကြံပေး (အဖွဲ့ဝင်)
  • ဦးညွန့်ဆွေ ၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (အဖွဲ့ဝင်)
  • ဦးစောသလေးစော ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (အဖွဲ့ဝင်)
  • ဒေါ်ကျိန်ငိုက်မန် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (အဖွဲ့ဝင်)
  • ရဲချုပ်ဇော်ဝင်း ၊ ရဲချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (အဖွဲ့ဝင်)
  • ဦးအောင်နိုင် ၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး (အဖွဲ့ဝင်)
  • ဒေါက်တာလှမောင် ၊ သံအမတ်ကြီး(အငြိမ်းစား) နာယက၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့  (အဖွဲ့ဝင်)
  • ဦးသာဉာဏ် ၊ အထွေထွေအတွင်းရေးမှူး၊ ရန်ကုန်ကလျာဏယုဝခရစ်ယာန်အသင်း (အဖွဲ့ဝင်)
  • ဦးဇော်မြင့်ဖေ ၊ အဖွဲ့ဝင်၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ ၊ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုလွှတ်တော် (အတွင်းရေးမှူး)

၂။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် အောက်ဖော်ပြပါ ကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက် စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး အတွက် လေ့လာစိစစ်ပြီး သုံးသပ်ချက်၊အကြံပြုချက်နှင့် အတူ အစီရင်ခံ တင်ပြရန် ဖြစ်ပါသည်-
  •  မောင်တောဒေသ၌ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှု များဖြစ်ပွားခဲ့သည့် နောက်ခံအခြေအနေ၊ ဖြစ်ပွားရသည့် အကြောင်းရင်းနှင့် အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်စဉ်များ၊
  • အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုနှင့် အခြားထိခိုက်မှုများ၊
  • ဒေသတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊
  • နယ်မြေရှင်းလင်း စိုးမိုးရေး ဆောင်ရွက်ချက်များ အပေါ် ပြင်ပမှစွပ်စွဲချက်များ မှန်ကန်မှုရှိ၊မရှိ၊
  • ပည်သူများ၏လုံခြုံရေးနှင့် အခြေခံအခွင့်အရေး များအား အာမခံချက် ပေးနိုင်ရေး၊
  • ပဋိပက္ခများ ကြိုတင်ကာကွယ်ရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပံ့ပိုးရေး၊
  • စုံစမ်းစစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံ၍ နောင်အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ။

၃။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက် များကို နိုင်ငံတော်သမ္မတရုံး နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ စီမံဆောင်ရွက် ပေးရမည်။

၎။ စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ သက်သေခံဥပဒေ တို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့် အပြင် လိုအပ်သော လူပုဂ္ဂိုလ်များကို ခေါ်ယူ မေးမြန်းခြင်း၊ စာရွက်စာတမ်းများ တောင်းယူခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခွင့် ရှိသည်။

၅။ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို နိုင်ငံတော်သမ္မတ ထံသို့ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အရောက် တိုက်ရိုက်အစီရင်ခံ တင်ပြရမည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger