www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 3, 2019

ကွန်ဟိန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ကွန်ဟိန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၂ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြို့ရှောင်လမ်းအနီး၌ လုံခြုံရေး ဆောင် ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင်ကာလိမြို့ ဘက်မှ နမ့်စန်မြို့ဘက်သို့ စိုင်းနာလိန်(ဘ) ဦးစိုင်းခေါင် မောင်းနှင်၍စိုင်းခမ်းဆာ(ဘ) ဦးစိုင်းမွန်း လိုက်ပါလာသည့် မတ်တူးအမျိုးအစား လိုင်စင်မဲ့အဖြူရောင် ယာဉ်အား ရပ်တန့်စစ်ဆေးရာ၎င်းတို့အား WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁ဝဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအားတရား ဥပဒေအရ  အရေးယူ ဆောင်ရွက်နိုင်ရေး ကွန်ဟိန်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger