www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 1, 2019

ဧရာဝတီမြစ် ရေလမ်း ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကမ်းထိန်း လုပ်ငန်းများ ဆောင်ရွက်သွားမည်

-
နေပြည်တော်  မတ်  ၃၁ 
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဘတ်ဂျက်ခွင့်ပြု ငွေဖြင့် ဧရာဝတီမြစ် ရေလမ်းဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ကမ်းထိန်းလုပ်ငန်းများကို ဆောင်ရွက်မည် ဖြစ်ရာ ဧရာဝတီမြစ်၏ လက်ရှိဖြစ်ပေါ်နေသည့် ပကတိအနေအထားအရ ပိုမိုအကျိုးရှိထိရောက် အောင် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 
-
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်  ပြည်ထောင်စု အစိုးရ ရန်ပုံငွေ ကျပ်သန်း ၂၈ဝဝ နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၄၁၇ သန်းအသီးသီးလျာထား တင်ပြခဲ့သော်လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရန်ပုံငွေကျပ် ၂၉၆ သန်းနှင့် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း  ၂ဝဝ စုစုပေါင်းရန်ပုံငွေကျပ် ၄၉၆ 

သန်းကိုသာ ရရှိခဲ့ကြောင်း၊ ရရှိခွင့်ပြုသည့်ရန်ပုံငွေဖြင့်သာလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးကျော်မျိုးကပြောသည်။ 
-
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ်သန်း ၂ဝဝ ဖြင့် ကမ်းပါးအိကျမှုများရှိသည့် ဇလွန်-အိုးဘို-သဲကုန်း ဆည်မြောင်းတာတမံများရှေ့၌ ရေစီးကြောင်းကပ်လျက်စီးဆင်းမှုကို လျော့နည်းသက်သာစေမည့်  လုပ်ငန်းအစီအမံများ ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းသုံးပစ္စည်းတင်ဒါများခေါ်ယူ၍ လုပ်ငန်းများ စတင်ဆောင်ရွက်ရန် အကြိုအင်ဂျင်နီယာလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 
-
အစီအမံများကို လတ်တလောဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး နန်းတော်ကျွန်းမြစ်ဟောင်း ပေါက်တူးဖော်မည့်အစီအမံများအပေါ် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှုဆောင်ရွက်ကာ ရေရှည်တွင်ပိုမိုကောင်းမွန်သည့် အစီ အမံအဖြစ် ဆောင်ရွက်မည်ဆိုပါကအနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြ သွားမည်ဖြစ်ရာ ဘဏ္ဍာခွင့်ပြုငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger