www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 3, 2019

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မတူပီမြို့နယ် အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မတူပီမြို့နယ် အတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဧပြီ  ၂ 
-
ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်း မတ် ၃၁ ရက်ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးများကြွေကျခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများကြောင့်မတူပီမြို့၊ ခိုဘွေရပ်ကွက်၊ ငလိုင်ကျေးရွာနှင့်ဖနိုင်ကျေးရွာများရှိ လူနေ အိမ်များ၊ အုပ်ချုပ်မှုအဆောက်အအုံများ၊  ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် စာသင်ကျောင်းများ ပြိုကျပျက်စီးခြင်း၊ အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 
-
အဆိုပါ လေဘေးသင့် ရပ်ကွက်နှင့် ကျေးရွာများသို့ ဧပြီ ၁ ရက် ညနေပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊မတူပီတပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အပျက်အစီးများအားဖယ်ရှားရှင်းလင်းခြင်း၊ အိမ်အမိုးများ ပြန်လည် ပြုပြင်ပေးခြင်း၊သန့်ရှင်းရေး ပြုလုပ်ပေးခြင်းများနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger