-
နေပြည်တော် ဖေဖော်ဝါရီ ၇
-
ကာကွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းသည် ပဋိပက္ခအတွင်း အမျိုးသမီး များအား အကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏အထူးကိုယ်စားလှယ်Ms.Pramila Patten ကို ယနေ့နံနက် ၁ဝ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
-
ထိုသို့တွေ့ဆုံစဉ် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာပူးတွဲကြေညာချက်ကိစ္စရပ်များနှင့် ယင်းပူးတွဲကြေညာချက်ကိုဆက်လက်အကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment