-
နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
-
တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက်စစ်ရေးလှုပ်ရှားမှုများအား ရပ်ဆိုင်းခဲ့သော်လည်း MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့အနေဖြင့် စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းထားသည်ကိုအခွင့်ကောင်းယူ၍ ကွမ်းလုံမြို့နယ်အတွင်း လူသစ်စုဆောင်းမှု ကိုးကြိမ်နှင့် နယ်မြေကျော်လွန်လှုပ်ရှားမှု ခြောက်ကြိမ်အထိ ပြုလုပ်လာခဲ့သောကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၈ ရက်နှင့် ၉ ရက်တို့တွင် ကွမ်းလုံမြို့နယ်၊ မုံးကျက်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၃ဝဝဝ ခန့်အကွာ၌ လူသစ်စုဆောင်းရန် ရောက်ရှိနေသည့် MNDAA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ အင်အား ၁ဝဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတို့ယာယီ အခြေပြုထားသည့် စခန်းတစ်ခုအား သိမ်းပိုက်ရရှိခဲ့သည်။
-
ဖြစ်စဉ်များတွင် မိမိဘက်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တပ်မတော်စစ်ကြောင်းများ အနေဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်လူသစ်စုဆောင်းခံရသည့် ဒေသခံပြည်သူများပြန်လည်လွတ်မြောက်ရေး အတွက် လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment