www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 6, 2019

ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ်

ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာ စုပေါင်းနှစ်သစ်ကူး ပွဲတော်ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ   ၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၏ (၃၈)ကြိမ်မြောက် လားဟူရိုးရာစုပေါင်းနှစ်သစ်ကူး ပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ မြို့မ အားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လားဟူတိုင်းရင်းသား ခေါင်းဆောင်များ၊ဖိတ်ကြားထားသူ များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
-
-
ဦးစွာ တိုင်းမှူးက နှစ်သစ်နှုတ်ခွန်းဆက်စကား ပြောကြားပြီး လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် ကျင်းပရေးအတွက် အလှူငွေများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုင်းရင်းသားရိုးရာ အကအဖွဲ့ များ၏ ရိုးရာအကများဖြင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး လားဟူစာပေနှင့် ရိုးရာ ယဉ်ကျေးမှု ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger