www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲ ပြုလုပ်

ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၏ မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲ ပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၈
-
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ မြိတ်တပ်နယ်၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက် ညနေ ပိုင်းတွင် တိုင်းစစ် ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊  မိသားစုများ၊   ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများတက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ထမနဲ ထိုးပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် ဆုရရှိသည့်အသင်းများအားတိုင်းမှူးနှင့်အဖွဲ့ဝင်များကဆုများ အသီးသီးပေးအပ်သည်။
-
-
အဆိုပါထမနဲထိုးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၂၄ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger