www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်၌ မီးလောင်မှုဖြစ်ပွား

ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော် ဖေဖော်ဝါရီ  ၁၈ 
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာရှိ လေးမျက်နှာဘုန်းတော်ကြီး ကျောင်းတိုက် မီးဖိုချောင်၌ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ ခန့်တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှတစ်ဆင့်  မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်သုံးစီးဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၁ နာရီ ၁ဝ မိနစ်ခန့်တွင်မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ မီးဖိုတဲတစ်လုံးနှင့် ကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသတင်း ရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger