www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင် သစ်များ သိမ်းဆည်းရမိ

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၌ တရားမဝင် သစ်များ သိမ်းဆည်းရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၈ 
-
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၇ ရက် နံနက် ၈ နာရီခွဲခန့်တွင် ဗဟားလိုကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ၌တရားမဝင် စုပုံထားသော ကျွန်းနှင့်ပိတောက် သစ်လုံး ၄၉ လုံး(ခန့်မှန်း ၉ ဒသမ ၂၄ တန်ခန့်)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။ 
-
အလားတူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေ သောတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင်  မိုင်းပျဉ်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၇ဝဝဝ ခန့်အကွာ၌ တရားမဝင် စုပုံထားသော အင်သစ်လုံး ၂၄၃ လုံး(ခန့်မှန်း ၇၁ တန်)ကို သိမ်းဆည်း ရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်းသတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger