www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 14, 2019

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူမှု ၇ဝ ရာခိုင်နှုန်းခန့် ပြီးစီး

ရွှေတိဂုံစေတီတော် ရွှေသင်္ကန်းကပ်လှူမှု ၇ဝ ရာခိုင်နှုန်းခန့် ပြီးစီး
-
ရန်ကုန် ဖေဖော်ဝါရီ ၁၃
-
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၌ ရွှေသင်္ကန်းကပ်လှူပူဇော်သည့် လုပ်ငန်းများ ၇ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း စေတီတော်ဂါပကအဖွဲ့ ဂေါပကအဖွဲ့ရုံး အဖွဲ့မှူးဦးထွန်းအောင်ငွေထံမှ သိရသည်။
-
ရွှေသင်္ကန်းကပ်လှူမှုကို ယခင်က ငါးနှစ်တစ်ကြိမ်လုပ်ဆောင်ခဲ့သော်လည်း လေဒဏ်၊ မိုးဒဏ်၊ ရာသီဥတုဒဏ် များကြောင့် ၂ဝ၁၈ ခုနှစ် ပွင့်လင်းရာသီတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယခုအခါမျက်ပါးရွှေများကို  ကပ်လှူနိုင်ရန် စစ်ဆေးရေး အဖွဲ့၏အကြံပြု ချက်အတိုင်း အောက်ခံကြေးပြားများကို မျက်နှာပြင်ညီစေရန်လုပ်ဆောင်နေသကဲ့သို့ ကြာမှောက်ကြာလန် ဧရိယာအပါအဝင် စေတီတော်ကြီး၏အထက်ပိုင်း၌ ရွှေစင် ရွှေပြားသင်္ကန်းတော်များဖြင့် ကပ်လှူလျက်ရှိသည်။
-
''ကြာမှောက်ကြာလန်ဧရိယာ ရွှေပြားတွေက အကုန်လုံး အသစ်ပြန်လည်ကပ်လှူပူဇော်မှာပါ။ လောလောဆယ်  ၇ဝ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ဒါပေမဲ့  သတ်မှတ်ထားတဲ့ ရက်ထက်နည်းနည်းနောက်ကျပြီးမှ ပြီးစီးနိုင်မယ်လို့ ယူဆရပါတယ်'' ဟု ဦးထွန်း အောင်ငွေ ကပြောသည်။
-
ရွှေသင်္ကန်းကပ်လှူပူဇော်သည့်လုပ်ငန်းများကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း၊ ရှစ်မြှောင့် အဆင့် ၃၁ မှ ၄ဝ ခန့်အထိ ရွှေစင်ပြားများ ကပ်လှူရန် စီစဉ်နေကာ အောက်ခြေပိုင်း တွင် မျက်ပါးရွှေများ ကပ်လှူသည့် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရသည်။
-
စေတီတော်၏ ကြာမှောက်ကြာလန် ဧရိယာရှိ ရွှေပြားများကို  ၂ဝ၁၈  ခုနှစ် နိုဝင်ဘာ၂၈ ရက်တွင် အပြီးသတ်ခွာယူကာ ၁ဝ၇ ချပ်ကို စစ်ဆေးနေပြီး စစ်ဆေးသည့် အခြေအနေအတွက်သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်မည်ဖြစ်သည်။
-
ယခု ရွှေသင်္ကန်းကပ်လှူသည့် အစီအစဉ်တွင် ရွှေစင်ရွှေပြား သင်္ကန်းတော်များ အချပ်ရေ ၃၉ဝဝ ကျော်ကို အသစ်လဲလှယ်ကာကပ်လှူမည်ဖြစ်ပြီး ရွှေသင်္ကန်း အလှူခံမဏ္ဍပ် ကိုလည်း ရင်ပြင်တော်ပေါ်၌ဖွင့်လှစ်ထားကာ လှူဒါန်းလိုသည့် အလှူရှင်များအတွက် လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger