www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 14, 2019

စစ်တွေမြို့၌ နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ရုံတစ်ရုံ တည်ဆောက်မည်

စစ်တွေမြို့၌ နိုင်ငံတကာ အဆင့်မီ ရုပ်ရှင်ရုံတစ်ရုံ တည်ဆောက်မည်
-
စစ်တွေ  ဖေဖော်ဝါရီ  ၁၃
-
ရခိုင်ပြည်နယ် စစ်တွေမြို့၌ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ရုပ်ရှင်ရုံတစ်ရုံကို စစ်တွေမြို့ကမ်းနားလမ်း မိဇံရပ်ကွက်တွင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
''ရုပ်ရှင်ရုံကို PARADISO ရုပ်ရှင်ရုံ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်သွားမှာပါ။ အခုတည်ဆောက်မယ့်ရုပ်ရှင်ရုံမှာသာမန်ဇာတ်ကားတွေ ရုံတင်ပြသနိုင်တဲ့ ထိုင်ခုံ ၃ဝဝ ဆံ့ရုပ်ရှင်ရုံအပြင် 3D ကားပြသနိုင်မယ့် ရုပ်ရှင်ရုံတစ်ရုံပါဝင် မှာဖြစ်ပါတယ်။ ဒါ့အပြင် အခြားစားသောက်ဆိုင်ခန်းတွေ ပါဝင်ပါမယ်''ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊  အခွန်၊ စီမံ ကိန်းနှင့် စီးပွားရေး ဝန်ကြီးဦးကျော်အေးသိန်းက ပြောသည်။
-
စစ်တွေမြို့တွင်လွတ်လပ်ရေးရပြီး နောက်ပိုင်းပြည်သူများစိတ်အပန်းဖြေရန် ဇိမ်ရုပ်ရှင်ရုံ၊ အသံထွက်ရုပ်ရှင်ရုံ၊ မြရုပ်ရှင်ရုံနှင့်မြို့မရုပ်ရှင်ရုံ စုစုပေါင်းလေးရုံရှိပြီး ၁၉၇ဝ ပြည့်နှစ်တွင် ဇိမ်ရုပ်ရှင်ရုံ၊ အသံထွက်ရုပ်ရှင်ရုံနှစ်ရုံကို ရပ်နား ခဲ့ ကြောင်း၊ ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း ပုဂ္ဂလိက ဗီဒီယိုရုံများ ပေါ်လာပြီး ရုပ်ရှင်ကြည့်ရှုသူ နည်းလာသည့် အတွက် မြရုပ်ရှင်ရုံနှင့် မြို့မ ရုပ်ရှင်ရုံကိုလည်း ရပ်နားခဲ့ရကြောင်း၊ စစ်တွေမြို့၌ယခုတည်ဆောက်မည့် ရုပ်ရှင်ရုံ အပြင် ဘောလုံး ကွင်း ရပ်ကွက်တွင် တည်ဆောက်နေသော မေယု ပလာဇာ၌လည်း ရုပ်ရှင်ရုံတစ်ရုံ ပါဝင်မည် ဖြစ်သောကြောင့် ပြည်သူများ အပန်းဖြေနိုင် ရန်အတွက်ပ်ရှင်ရုံနှစ်ရုံ ပေါ်ထွက်လာမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger