-
နေပြည်တော် ဖေဖော်ဝါရီ ၁၃
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်း ကျေးရွာရှိ ရွှေနှလုံးတော်ကက်သလစ်ဘုရားကျောင်းမှ ခရစ်ယာန် ဘာသာဝင်ဘုန်းတော်ကြီးများ၊ သီလရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အဆိုပါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ရွှေနှလုံးတော် ကက်သလစ်ဘုရားကျောင်း၌ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့ကဘုန်းတော်ကြီးတစ်ပါး၊ သီလရှင်နှစ်ပါး၊ သင်တန်းသား၊ သင်တန်းသူများနှင့်ဒေသခံပြည်သူစုစုပေါင်း ၂၃၉ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ ကျောက်ကပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီးဘုရားကျောင်းဝင်းအတွင်း ခြင်ခိုအောင်းနိုင်သည့်နေရာများ၌ ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment