www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 14, 2019

တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)မှ တပ်မတော်အထူးကု ဆေးအဖွဲ့စခန်းသစ်မြို့ အတွင်းရှိ ဒေသခံ ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံ ရေယာဉ် (သံလွင်)မှ တပ်မတော် အထူးကု ဆေးအဖွဲ့ စခန်းသစ်မြို့ အတွင်းရှိ ဒေသခံ ပြည်သူ များအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၃
-
တနင်္သာရီတိုင်း ဒေသကြီးအတွင်းသို့  တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည်ယနေ့တွင် စခန်းသစ်မြို့ရှိ တိုက်နယ်ဆေးရုံ၌ ဒေသခံ ပြည်သူ ၉၇၃ ဦးအား ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၂ ဦး၊ ခွဲစိတ်ရောဂါ၁ဝ၈ ဦး၊ သားဖွား/မီးယပ်ရောဂါ ၉ဝ ဦး၊ ကလေးရောဂါ ၈၆ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၈၅ ဦး၊မျက်စိရောဂါ ၁၇၂ ဦးနှင့် သွားရောဂါ ၉၂ ဦး တို့ကို လိုအပ်သည့်ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ သည်။
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၇ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၈ ဦး၊ECG နှလုံးစမ်းသပ်လူနာ ၃၈ ဦး၊ ဓာတ်ခွဲ စမ်းသပ် လူနာ ၃၉ ဦးနှင့် ကွန်ပျူတာဓာတ်မှန်ရိုက် လူနာနှစ်ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ  ၁၆  ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger