-
နေပြည်တော် ဇန်နဝါရီ ၃၁
-
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထေးငှါးလျားကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ ၁၃၆ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ အရိုး/အကြောရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ ကလေးရောဂါ၊ ငှက်ဖျားရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment