-
လားရှိုး ဖေဖော်ဝါရီ ၁ဝ
-
ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်နှင့် Lashio Cyclist Network တို့ ပူးပေါင်း၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် ၆ နာရီခွဲတွင် Lashio Mountain Bike Challenge စက်ဘီးစီး ပြိုင်ပွဲ ကျင်းပသည်။
-
အဆိုပါပြိုင်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ထားဝယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်းမြို့နယ်တို့မှ စက်ဘီးအားကစားဝါသနာရှင် ၂၇ဝ ဦးခန့်က မြို့တော်ခန်းမမှ ဘူတာ လမ်းအတိုင်း လားရှိုး ဘူတာလမ်းဆုံသို့လည်းကောင်း၊ ၎င်းမှ လေယာဉ် ကွင်းလမ်းအတိုင်း လားရှိုးလေဆိပ် သို့လည်းကောင်း၊ လားရှိုး လေဆိပ်မှ လားရှိုးကြီးရပ်ကွက်(၁၂)လမ်းဆုံသို့လည်းကောင်း၊ ၎င်းမှလားရှိုး-သိန်းနီ ပြည်ထောင်စုလမ်းမကြီးအတိုင်း လားရှိုးရေပူစမ်းမုခ်ဝသို့ လည်းကောင်း၊ အဆိုပါမုခ်ဝမှ ရေပူစမ်းလမ်းအတိုင်း မန်နား၊ ဟက်ကာ လမ်းများမှ လားရှိုး မြို့နယ် ဟူးမွန်ဆည် အနီးသို့လည်း ကောင်း၊ ဟူးမွန်ဆည်လမ်းအတိုင်းမှ လားရှိုးမြို့ မန်ဆူဘုရား လားရှိုး- သိန်းနီ ပြည်ထောင်စု လမ်းမကြီး ကိုဖောက်ထွက်ကာ လားရှိုးမြို့ သာသနာ၂၅ဝဝ ဘုရားသို့ ပန်းဝင်ကြသည်။
-
ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပန်းဝင်ခဲ့သည့် စက်ဘီးစီး သမားများကို ဆုတံဆိပ်များပေးအပ်သည်။ဆက်လက်၍ပြိုင်ပွဲကျင်းပရေး ကော်မတီတာဝန်ရှိသူများက ပြိုင်ပွဲတွင်ဆုရရှိသည့်စက်ဘီးစီး အားကစားသမား များကို ဆုငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။
-
ပြိုင်ပွဲ အမျိုးအစားမှာ Professional တန်း၊ အသက် ၂၅ နှစ်အောက်တန်း၊ အသက် ၂၅ နှစ်နှင့် ၄ဝ နှစ် တန်းနှင့် အသက် ၄ဝ အထက်တန်း ဟူ၍ဖြစ်သည်။ ပြိုင်ပွဲတွင် အသက်အငယ်ဆုံးပြိုင်ပွဲဝင်မှာ ခုနစ်နှစ်ခွဲအရွယ်ဖြစ်ပြီး အသက်အကြီးဆုံး ပြိုင်ပွဲဝင်မှာ အသက် ၇၄ နှစ်ဖြစ်ကြောင်းသိရသည်။
-
ကေဝိုင်တီ
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment