www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 8, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြု

တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြု
-
နေပြည်တော် ဖေဖော်ဝါရီ  ၇ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများတွင်ဆုရရှိခဲ့ကြသည့်ကမ်းရိုးတန်းဒေသ တိုင်း စစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့်ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။ ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ 
-
ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစား ပြိုင်ပွဲများတွင် ပြိုင်ပွဲအမျိုးအစားအလိုက်ဆုများ အသီးသီးရရှိကြသည့် အားကစားသမားများအား တိုင်းမှူးနှင့် တာဝန်ရှိသူများကဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger