www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 8, 2019

အထောက် အထားမဲ့ ဝင်ရောက် လာသူများကို ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်

အထောက် အထားမဲ့ ဝင်ရောက် လာသူများကို ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်
-
နေပြည်တော် ဖေဖော်ဝါရီ  ၇ 
-
ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီး အတွင်းသို့ အထောက်အထားမဲ့ဝင်ရောက်လာသူများကို ဖမ်းဆီးနိုင်ခဲ့သည့် သရက် ခရိုင်၊ မင်းတုန်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ ဝင်များအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းက ယနေ့ညနေ ပိုင်းတွင် မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဂုဏ်ပြုဆုငွေ များပေးအပ်ချီးမြှင့်သည်။ 
-
ဂုဏ်ပြုဆုငွေပေးအပ်ပွဲသို့ တိုင်းမှူးနှင့် အတူ သရက်တပ်နယ်၊ မကွေးတပ်နယ်တို့မှတာဝန်ရှိသူများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ရဲစခန်းမှူးတို့တက်ရောက်ကြပြီး တိုင်းမှူးမြို့နယ်ရဲတပ် ဖွဲ့မှူးအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။ 
-
ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေဘုန်းတေဇာဘုရားဓမ္မာရုံ၌ အသက် ၈၅ နှစ် အထက် အဘိုးအဘွား ၅ဝ ဦးအား အသုံး အဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ဖြင့် ဂါရဝပြုကန်တော့ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger