www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

မင်းတပ်မြို့နယ်ရှိ လေဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် နေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မင်းတပ်မြို့နယ်ရှိ လေဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် နေရာများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၈
-
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် မင်းတပ်မြို့၊ စံပြရပ်ကွက်၊အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ နှစ်ခန်းတွဲဝန်ထမ်းအိမ်ရာရှိနံရံများ ပြိုကျပျက်စီးခြင်း၊ ချင်းအမျိုးသားနေ့ အတွက်တည်ဆောက်ထားသော အဆောက်အအုံများ ပြိုကျပျက်စီးခြင်း၊ ခေါက်ထားကျေးရွာ၊ မရှိယောကျေးရွာ၊ ကြားဒိုကျေးရွာ၊ မသူးကျေးရွာရှိ လူနေအိမ်လေးလုံးနှင့် ဝရဲကျေးရွာ စာသင်ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ တစ်လုံး အမိုးလန်ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။
-
အဆိုပါ လေဘေးသင့်နေရာများသို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများက ဖေဖော်ဝါရီ ၁၇ ရက်နှင့် ယနေ့တို့တွင်အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger