www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၈
-
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကဒါးလားကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွအုပ်ချုပ်ရေးမှူးရုံး၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၅၆ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အရိုး/အကြောရောဂါ၊ ကလေးရောဂါ၊ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger