www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ပုလဲ ကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့  ဘုတ်ပြင်းမြို့နယ်၊ ပုလဲ ကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၈ 
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့်ရောက်ရှိနသော တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ ဒေသခံပြည်သူ ၄၇၅ ဦးကို အဆိုပါ ကျွန်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၈၆ ဦး၊ ခွဲစိတ်ရောဂါ ၄၆ ဦး၊ သားဖွား/မီးယပ်ရောဂါ ၇ဝ ဦး၊ ကလေးရောဂါ  ၅၄ ဦး၊ အရိုးရောဂါ ၄၈ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၅၂ ဦး၊မျက်စိရောဂါ ၇၁  ဦးနှင့် သွား ရောဂါ ၄၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာ ကိုးဦး၊  မျက်စိခွဲစိတ်လူနာ ၁၇ ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။
-
-
ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၁ ဦး၊ တယ်လီ ဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ၁၄ ဦးနှင့်ဓာတ်ခွဲစမ်းသပ်လူနာ ၃၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ရှစ်ဦးအား  ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger