-
နေပြည်တော် ဇန်နဝါရီ ၃၁
-
ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့်ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Apirat Kongsompong ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့်နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်ဇင်မင်းထက်နှင့် တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့်တပ်မတော်မှ စစ်သံမှူးများနှင့်တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
-
အဆိုပါထိုင်းဘုရင့် တပ်မတော်ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သူရဲကောင်းဗိမာန်(နေပြည်တော်)သို့သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment