www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

မြန်မာ အမျိုးသမီး အသင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြန်လည် စတင် လေ့ကျင့်မည်

မြန်မာ အမျိုးသမီး အသင်း ဖေဖော်ဝါရီ ၂၄  ရက်တွင် ပြန်လည် စတင် လေ့ကျင့်မည်
-
ရန်ကုန်  ဖေဖော်ဝါရီ  ၁၉
-
၂ဝ၂ဝ  တိုကျိုအိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲခြေစစ်ပွဲယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်   ဖေဖော်ဝါရီ ၂၄ ရက်တွင်ပြန်လည် စတင်လေ့ကျင့်မည်ဖြစ်ကြောင်း နည်းပြချုပ်ဦးဝင်းသူမိုးက ပြောသည်။
-
မြန်မာအမျိုးသမီး အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း  အိန္ဒိယဖိတ်ခေါ် (ံနမသွသို ဃကစ ၂ဝ၁၉) လေးနိုင်ငံ အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရာတွင် အိမ်ရှင်အိန္ဒိယ၊ နီပေါနှင့် အီရန်အသင်းတို့ကို ကျော်ဖြတ်ကာ  ချန်ပီယံဆု ရရှိခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်း ပြိုင်ပွဲအပြီး   ဖေဖော်ဝါရီ ၁၇ ရက်က မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိပြီး ကစားသမားများ ပွဲပန်းနေသဖြင့်တစ်ပတ်ခန့် အနားပေးမည်ဟု ဦးဝင်းသူမိုးကပြောသည်။
-
''ဖိတ်ခေါ်ပွဲဆို ပေမယ့် ပြိုင်ပွဲက နှစ်ရက်တစ်ပွဲနှုန်း ကစားရတယ်။ ဒါကြောင့် ကစားသမားတွေ  ပွဲပန်းနိုင်တဲ့အတွက် တစ်ပတ် လောက်အနားပေးပါမယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ  အသင်းကိုပြန်စုမယ်။ ပြီးတာနဲ့ တိုကျို အိုလံပစ် ခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေ တောက်လျှောက်ပြုလုပ်မှာပါ'' ဟု  ဦးဝင်းသူမိုးကပြောသည်။ ၂ဝ၂ဝ တိုကျိုအိုလံပစ် အာရှဇုန်အမျိုး သမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲ ကို ဧပြီ၁ရက် မှ ၉ရက်အထိ ကျင်းပ မည်ဖြစ်ပြီး အိမ်ရှင်မြန်မာ အမျိုးသမီးအသင်းက အုပ်စု (က) တွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ နီပေါ အသင်းတို့နှင့် ကျရောက် နေသည်။
-
အုပ်စု (ခ)တွင် အိမ်ရှင် ဥဇဘက် ကစ္စတန် အသင်းက ဗီယက်နမ်၊ ဂျော်ဒန်၊ ဟောင်ကောင် အသင်းတို့နှင့် တွေ့ဆုံ နေပြီး  အုပ်စု(ဂ)တွင် အိမ်ရှင် ပါလက်စတိုင်း၊ အီရန်၊ တရုတ် (တိုင်ပေ)နှင့် ဖိလစ်ပိုင်အသင်းတို့ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းခြေစစ်ပွဲ ဒုတိယ အဆင့်တွင် အုပ်စု တစ်ခုစီမှ ပထမ ရသည့်အသင်း သုံးသင်းသည် ခြေစစ်ပွဲ တတိယအဆင့်သို့  တက်လှမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger