www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော် ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့ ဘုတ်ပြင်းမြို့နယ်၊  ပုလဲကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 
-
တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)ဖြင့် ရောက်ရှိနေသော  တပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ ဒေသခံပြည်သူ ၆၁၄ ဦးကို အဆိုပါ ကျွန်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးခဲ့သည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၅၃ ဦး၊ ခွဲစိတ်ရောဂါ ၇ဝဦး၊ သားဖွား/မီးယပ်ရောဂါ ၇၂ ဦး၊  ကလေး ရောဂါ ၆၂ ဦး၊ အရိုးရောဂါ ၆၃ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၉၂ ဦးနှင့် သွားရောဂါ ၄၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ် လူနာ ၁၂ ဦး၊ မျက်စိခွဲစိတ် လူနာ ၁၆ ဦး တို့ကို ဆေးရုံရေယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးသည်။
-
-
ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၁၅ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၃ ဦးနှင့် ဓာတ် ခွဲစမ်းသပ်လူနာ ၄၂ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက်ကုသရန်လိုအပ်သူ နှစ်ဦးအား ဆေးရုံရေယာဉ်ပေါ်၌ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger