www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 20, 2019

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ သြစတြေးလျ ဓန သဟာယ နိုင်ငံနှင့် ဆွစ်ဇာလန် နိုင်ငံတို့မှ သံအမတ်ခန့် အပ်လွှာများ သီးခြားစီ ပေးအပ်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ သြစတြေးလျ ဓန သဟာယ နိုင်ငံနှင့် ဆွစ်ဇာလန် နိုင်ငံတို့မှ သံအမတ်ခန့် အပ်လွှာများ သီးခြားစီ ပေးအပ်
-
နေပြည်တော် ဖေဖော်ဝါရီ  ၁၉ 
-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ ဓနသဟာယ နိုင်ငံသံအမတ်ကြီး အဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စအင်ဒရီရာ ဖော့ခ်နာသည် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့် အပ်လွှာကို ပေးအပ်သည်။ 
-
-
-
အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ တင်မ်အန်ဒါလင်သည် ယနေ့နံနက် ၁ဝ နာရီ မိနစ် ၄ဝ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
-
အဆိုပါ သံအမတ် ခန့်အပ်လွှာ ပေးအပ်ပွဲ အခမ်းအနား များသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး  ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက် ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger