www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 14, 2019

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မြန်မာ့သိုင်း သင်တန်း ဖွင့်လှစ်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မြန်မာ့သိုင်း သင်တန်း ဖွင့်လှစ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၃
-
မြန်မာ့သိုင်းပြိုင်ပွဲများတွင်တပ်မတော်သားများဝင်ရောက်ယှဉ်ပြိုင်နိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏မြန်မာ့သိုင်းသင်တန်း အမှတ်စဉ် (၁/၂ဝ၁၉) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်တိုင်းစစ်ဌာနချုပ် ရန်အောင်မြင် ခန်းမ၌ ပြုလုပ်သည်။
-
သင်တန်းဖွင့်ပွဲသို့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်ဇော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ဒုတိယတိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။
-
အဆိုပါ မြန်မာ့သိုင်းသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ သင်တန်းသား ၁ဝဝ ဦးဖြင့် ဧပြီ ၅ ရက်အထိ ဖွင့်လှစ်သင်ကြား သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger