www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 14, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ

တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ဆက်လက်ကျင်းပ
-
နေပြည်တော် ဖေဖော်ဝါရီ ၁၃
-
(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ အုပ်စု(၄)ပြိုင်ပွဲ များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပပြု လုပ်သည်။ ပြိုင်ပွဲတွင် တပ်မ တော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်းသည် သရုပ် ဖော်ပြကွက်တွင် (၇၄)နှစ်မြောက်တပ်မတော်နေ့နှင့် (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်း ပြိုင်ပွဲကို ဂုဏ်ပြုသော အားဖြင့် အင်္ဂလိပ်အက္ခရာ 74 နှင့် 26 တို့ကို သရုပ်ဖော်ပြသသည်။
-
ဆက်လက်၍ မြန်မာအာဇာနည်သီချင်းကို တီးမှုတ်၍ကမ္ဘာတည်သရွေ့ မြန်မာပြည်ကြီးတည်ရှိစေရန် ပြည်ထောင်စုဖွား တိုင်းရင်းသား တို့ စည်းလုံးညီညာ အောင်ကြောင်းဖြာ၍ NCA တွင်ပါဝင်ပေး၊ ထာဝရငြိမ်းချမ်းရေးဆိုသည့် Nationwide Ceasefire Agreement ၏ အတိုကောက် (NCA) အင်္ဂလိပ် အက္ခရာ ပုံစံတို့ကို သရုပ်ဖော်ပြ သကြသည်။
-
အုပ်စု(၄)ပြိုင်ပွဲများတွင် တပ်မတော် (ကြည်း) အမှတ်(၁) အရာခံနှင့် အကြပ်ကြီးသင်ကျောင်း ကိုယ်စားပြုစစ်တီးဝိုင်း အသင်း နှင့် တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြ သည်။
-
ပြိုင်ပွဲတွင်ကိုယ်စားပြုစစ်တီးဝိုင်းအသင်းများက အမြန်လျှောက်ခြင်း၊ အနှေးလျှောက်ခြင်း၊ ချီတက်သရုပ်ပြသခြင်း၊ သရုပ်ဖော်ပုံစံ ပြသခြင်းများ၊ ဆန်းသစ်တီထွင်မှုပြကွက်များ၊ လက်ရိုက်တူရိယာအဖွဲ့ စွမ်းရည်ပြသခြင်းများ၊ စစ်တီးဝိုင်းခေါင်းဆောင်ကကျိုင်းစွမ်းရည်ပြသခြင်းများ၊ အပြည်ပြည်ဆိုင်ရာဧည့်ခံ တေးသီချင်းများနှင့် မြန်မာဧည့်ခံ တေးသီချင်းတီးမှုတ်ခြင်းတို့ဖြင့် အသီးသီး ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
-
အဆိုပါပြိုင်ပွဲကို (၂၆)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တပ်မတော်အရာရှိ ကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger