www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲများ နေပြည်တော်ရှိ အထင်ကရနေရာတို့သို့ သွားရောက် လေ့လာ

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲများ နေပြည်တော်ရှိ အထင်ကရနေရာတို့သို့ သွားရောက် လေ့လာ
-
နေပြည်တော် ဖေဖော်ဝါရီ ၆ 
-
နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ၂ဝ၁၉ ခုနှစ် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက် လေ့လာကြသည်။ 
-
တိုင်းရင်းသားလေ့လာရေး လူငယ်မောင်မယ်များသည် နံနက်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူတစ်ဦးက ကြိုဆို နှုတ်ဆက်သည်။ ထို့နောက် တပ်မတော် စစ်သမိုင်းပြတိုက်အတွင်း၌ ခင်းကျင်းပြသထားသည့် တပ်မတော်(ကြည်း)ပြခန်း၊ တပ်မတော်(ရေ)ပြခန်း၊ တပ်မတော်(လေ)ပြခန်းများနှင့် အခြားသော ပြခန်းများကို ကြည့်ရှုလေ့လာကြရာတာဝန်ရှိသူများကတိုင်းရင်းသားလေ့လာရေး လူငယ်မောင်မယ်များ၏ မေးမြန်းချက်များနှင့်  သိရှိလိုသည်များကို ရှင်းလင်း ဖြေကြားသည်။ 
-
ဆက်လက်၍ အမျိုးသား အထိမ်းအမှတ် ဥယျာဉ်၊ ကျောက်မျက်ရတနာ ပြခန်း၊ JunctionCenter လွှတ်တော်၊ တိရစ္ဆာန်ဥယျာဥ၊် နက္ခတ်တာရာပြခန်း ၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ နေပြည်တော် ( မြို့မဈေး)နှင့် ရေပန်းဥယျာဉ်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၄၄၇ ဦး သွားရောက် လေ့လာကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger