www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2019

ပန်းတနော်မြို့နယ်၊ ဒေါင့်ကြီး ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပန်းတနော်မြို့နယ်၊ ဒေါင့်ကြီး ကျေးရွာ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်   ဖေဖော်ဝါရီ  ၃ 
-
ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့ နယ်၊ ဒေါင့်ကြီးကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော် များနှင့် ဒေသခံ ပြည်သူများအား ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါ ကျေးရွာ သုဓမ္မရံသီ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် လေးပါးနှင့် ဒေသခံ ပြည်သူ ၃၆၁ ဦးတို့ကို နှလုံးခုန် နှုန်းစမ်းသပ် ပေးခြင်း၊  ဆီးချို၊  သွေးချို စစ်ဆေးပေးခြင်းနှင့်   ရောဂါရှာဖွေစမ်းသပ် ကုသ ပေးခြင်းများ ဆောင်ရွက်ပေးပြီး  ကျီးပေါင်းရောဂါ အကြောင်းသိကောင်းစရာများကို ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger