-
နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
-
(၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် (၂၆)ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ အုပ်စု(၃) ပြိုင်ပွဲ များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြ ကွင်း၌ ကျင်းပပြုလုပ်ရာ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်ကိုယ်စားပြု အမှတ်(၂)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်ကိုယ်စားပြု စစ်တီးဝိုင်းအသင်း၊ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲ စစ်တီးဝိုင်းအသင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၁)တပ်ခွဲစစ်တီးဝိုင်း အသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအမှတ်(၃)တပ်ခွဲစစ်တီးဝိုင်းအသင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအမှတ်(၁) တပ်ခွဲစစ်တီးဝိုင်းအသင်းနှင့် အမှတ်(၈၈) ခြေမြန်တပ်မဌာနချုပ် ကိုယ်စားပြု စစ်တီးဝိုင်းအသင်းတို့အသီးသီးယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း များက အမြန်လျှောက်ခြင်း၊ အနှေးလျှောက်ခြင်း၊ ချီတက်သရုပ်ပြသခြင်း၊ သရုပ် ဖော် ပုံစံ ပြသခြင်းများ၊ ဆန်းသစ်တီထွင်မှုပြကွက်များ၊ လက်ရိုက်တူရိယာအဖွဲ့စွမ်းရည်ပြသခြင်းများ၊ စစ်တီးဝိုင်း ခေါင်းဆောင်က ကျိုင်းစွမ်းရည်ပြသခြင်းများ၊အပြည်ပြည်ဆိုင်ရာ ဧည့်ခံ တေးသီချင်းများနှင့် မြန်မာဧည့်ခံ တေးသီချင်း တီးမှုတ်ခြင်းတို့ဖြင့် အသီးသီးယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
-
အဆိုပါပြိုင်ပွဲကို (၂၆)ကြိမ်မြောက် တပ်မ တော်(ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် တပ်မတော်အရာ ရှိကြီးများ၊ ဒိုင်အဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသော ဧည့်သည် တော်များ ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment