www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

မြင်းခြံမြို့နယ်၊ ကတောကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

မြင်းခြံမြို့နယ်၊ ကတောကျေးရွာ၌  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၈ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊  ကတောကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ယနေ့တွင်အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ပုဗ္ဗာရုံကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူ ၁၁၇၁ ဦးတို့ကို ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့ အနက် ဓာတ်ခွဲစမ်းသပ် လူနာ ၇ဝဦး၊ Ultrasound  ရိုက်သူ ၃၄ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်သူ ၆ဝ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယအဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒာဘိဝံသ၊ ပုဗ္ဗာရုံကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္တဝိန္ဒကနှင့် သံဃာတော်များကိုဖူးမြော်၍လှူဖွယ်ပစ္စည်းများ နှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger