www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

ONE CHAMPIONSHIP မှ ဂျပန်နိုင်ငံ၌ကျင်းပမည့် A NEW ERA ပွဲတွင် ကမ္ဘာ့အဆင့် ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ သုံးပွဲ ပါဝင်

ONE Championship မှ ဂျပန်နိုင်ငံ၌ကျင်းပမည့်   A NEW ERA ပွဲတွင် ကမ္ဘာ့အဆင့် ချန်ပီယံခါးပတ် စိန်ခေါ်ပွဲ သုံးပွဲ ပါဝင်
-
ရန်ကုန်  ဇန်နဝါရီ   ၇
-
အာရှသမိုင်းတွင်အကြီးမားဆုံး ကမ္ဘာ့အားကစား ပြိုင်ပွဲများကို ကျင်းပလျက်ရှိသည့်  ONE Championship (ONE)မှ ၂ဝ၁၉ ခုနှစ် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ  Ryogoku  Kokugikan မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပမည့်  A NEW ERA ပွဲတွင် ပါဝင် ထိုးသတ်ကြမည့် ပထမတွဲဆိုင်းများကို ထုတ်ပြန် ကြေညာခဲ့ရာ ယင်းတွဲဆိုင်း များတွင် ကမ္ဘာ့အဆင့် ချန်ပီယံခါးပတ် စိန်ခေါ်ပွဲသုံးပွဲ ပါဝင်ကြောင်း သိရသည်။
-
အဆိုပါ ကမ္ဘာ့အဆင့် ချန်ပီယံခါးပတ် စိန်ခေါ်ပွဲများတွင် တရုတ်နိုင်ငံမှ ONE  အမျိုးသမီး စတောဝိတ် ကမ္ဘာ့ချန်ပီယံ  "The Panda" Xiong Jing Nan  က ၎င်း၏ ချန်ပီယံခါးပတ်ကို ကာကွယ်ရန်စင်ကာပူနိုင်ငံမှ ONE အမျိုးသမီး အက်တမ်ဝိတ် ကမ္ဘာ့ချန်ပီယံ  "Unstoppable"  Angela Lee  နှင့်လည်းကောင်း၊ ONE ကမ္ဘာ့ချန်ပီယံ ''မြန်မာ့စပါးအုံး'' အောင်လ အန်ဆန်က ၎င်း၏ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ကာကွယ်ရန်  ဂျပန်နိုင်ငံ သားကစားသမား Ken Hasegawa နှင့်လည်းကောင်း၊ ဝမ်းလိုက်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ပိုင်ရှင် Eduard "Landslide" Folayang က ၎င်း၏ချန်ပီယံ ခါးပတ်ကို ကာကွယ်ရန် နာမည်ကျော် ဂျပန် ကိုယ်ခံပညာ ကစားသမား  Shinya "Tobikan Judan" Aoki နှင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။
-
A NEW ERA ပွဲတွင် ၎င်းတွဲဆိုင်း သုံးခုအပြင် ကမ္ဘာ့ ချန်ပီယံခါးပတ် အကြိမ်ကြိမ် ရရှိထားဖူးသူ  Demetrious  "Mighty Mouse" Johnson နှင့် Eddie "The Underground King" Alvarez တို့၏ ONE Championship ပွဲဦးထွက် ယှဉ်ပြိုင် ထိုးသတ် မည့် ပြိုင်ပွဲနှင့် ONE Championship ၏ ကစား သမားအသစ်ဖြစ်သည့် Demetrious "Mighty Mouse" Johson နှင့် Eddie "The Under-ground King"  Alvarez တို့ ယှဉ်ပြိုင်ထိုးသတ်မှုကိုလည်း ကြိုးဝိုင်းတွင် တွေ့မြင်ကြ ရမည်ဖြစ်သည်။
-
ONE Championship သည် ONE Flyweight World Grand Prix ပွဲစဉ်အတွက် စိတ်ဝင်စားဖွယ်  ကောင်းသည့် တွဲဆိုင်း များနှင့် ကျင်းပရန် စီစဉ် ထားကြောင်းသိရသည်။ ၎င်းပွဲတွင် ပါဝင်ယှဉ်ပြိုင်ထိုးသတ်မည့် ONE မစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ပိုင်ရှင် အောင်လ အန်ဆန်သည် ၂ဝ၁၈ ခုနှစ်  ဇွန်လက ဂျပန်ကစားသမား Ken Hasegawa နှင့် ယှဉ်ပြိုင်ခဲ့သောပွဲစဉ်တွင် ငါးချီမြောက် အထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး  အနိုင်ယူနိုင်ခဲ့သည်။
-
ယင်းပွဲစဉ်သည် '' ONE Championship သမိုင်းတွင်  အကောင်းဆုံး ပြိုင်ပွဲ'' အဖြစ် သတ်မှတ်ထားခြင်း ခံရပြီး မရပ်မနား ယှဉ်ပြိုင်ကာ  အဆုံးသတ် လှပခဲ့ခြင်းကြောင့်  ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ကိုယ်ခံပညာသိုင်း ပေါင်းစုံဆုပေးပွဲတွင် ''တစ်နှစ်တာ အတွက် အကောင်းဆုံး တွဲဆိုင်း''ဆုကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရသည်။ အောင်လအန်ဆန်နှင့်  ဟာဆဲဂါဝါ တို့သည်  ONE: A NEW ERA တွင်တစ်ဖန်ပြန်လည်ကာ သူတစ်ပြန် ကိုယ် တစ်ပြန် အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။             
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger