-
နေပြည်တော် ဇန်နဝါရီ ၇
-
(၅၈)ကြိမ်မြောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ် စက်ပစ်ကွင်း၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်း တက်ရောက် အမှာစကားပြောကြားသည်။
-
ဦးစွာ တိုင်းမှူးက သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအဖြစ် မိုးပျံပူဖောင်းကို သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးသည်။ထို့နောက် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစားဝါသနာရှင်များနှင့် အတူပြိုင်ပွဲဝင်အသင်းများဖြစ်သည့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အမျိုးသားအသင်းနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမျိုးသားအသင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် အမျိုးသမီးအသင်းနှင့်အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အမျိုးသမီးအသင်းတို့၏ ပစ္စတိုထိလဲပစ်ခတ်စဉ် သရုပ်ပြပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။
-
အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို တပ်မတော်(ကြည်း၊ ရေ၊ လေ) တိုင်း၊ တပ်မ၊ ဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၄၅ သင်းဖြင့် ဇန်နဝါရီ၂၅ ရက်အထိယှဉ်ပြိုင်ပစ်ခတ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment