www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

ကွမ်းလုံမြို့နယ် အတွင်း MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဒေသခံ ပြည်သူများအား အတင်းအဓမ္မ ဖမ်းဆီး လူသစ် စုဆောင်း၊ ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး

ကွမ်းလုံမြို့နယ် အတွင်း MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဒေသခံ ပြည်သူများအား  အတင်းအဓမ္မ ဖမ်းဆီး လူသစ် စုဆောင်း၊ ကျေးရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေး
-
နေပြည်တော် ဇန်နဝါရီ ၇ 
-
MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အင်အား ၁၅ဝ ဦးခန့်သည် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွမ်းလုံမြို့၏ အနောက်တောင်ဘက် မီတာ ၁ဝဝဝဝ  ခန့်အကွာရှိ ပန်ဟုန်းကျေးရွာ၊ တာရှောက်တီး ကျေးရွာနှင့် ဖတ်တူကျေးရွာများအနီးရှိ တောင်ကုန်းများ ပေါ်တွင် ဖြန့်ခွဲ အခြေပြုခဲ့ပြီး ၎င်းအဖွဲ့မှ အင်အား ၂၅ ဦးခန့် သည် အရပ်ဝတ်ဖြင့် တာရှောက်တီး ကျေးရွာ၊ ကျန်ကြားကျိုင်းကျေးရွာ၊ ဖတ်တူကျေးရွာ နှင့် ပန်ဟုန်းကျေးရွာ များသို့ သွားရောက်၍ အုပ်ချုပ်ရေးမှူးနေအိမ်များတွင် လူသစ်ပေးရန်အတွက် အစည်းအဝေးပြုလုပ်ခဲ့ပြီး တာရှောက်တီး ကျေးရွာမှ ဦးဇီသွေးလျှံ၊ ဦးဇီရှောက်ကျုံး၊ ဦးကျန်ရှောက်ယွမ်နှင့် ဦးဝေလောက်တယ်၊  ကျန်ကြားကျိုင်း ကျေးရွာမှ ဦးရှန်ဖူးနှင့် ဦးစီတို့အား အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင်သွားသည်။ 
-
ယင်းသို့ MNDAA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းများကြောင့် ကျန်ကြား ကျိုင်း ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ အိမ်ထောင်စု ၁၆ဝ စု၊ အမျိုးသား ၂ဝဝ ဦး၊ အမျိုးသမီး ၂၅၅ ဦး၊ စုစုပေါင်း ၄၅၅ ဦးတို့သည် ကွမ်းလုံမြို့နယ်၊ ဟိုလီကျေးရွာ စာကြည့်တိုက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဇန်နဝါရီ ၇ ရက်တွင် ထွက်ပြေး တိမ်းရှောင် ရောက်ရှိလျက်ရှိသည်။ 
-
အလားတူ TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ အင်အား ၅ဝ ဦးခန့်သည် ဇန်နဝါရီ ၄ ရက် မွန်းလွဲပိုင်းတွင် နမ့်ခမ်း မြို့နယ်၊ တာကွန့်ကျေးရွာ နှင့် ပန်မောင်း ကျေးရွာများသို့ ဝင်ရောက်ခဲ့ပြီး ၎င်းကျေးရွာများမှ ကျေးရွာသူ/သား ၁၈ဦး တို့အား ဘိန်းစိုက်ပျိုးသည်ဟု အကြောင်းပြ၍ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။ 
-
တပ်မတော်အနေဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် နိုင်ရန် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် ၍ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများ အားလုံးကို ရပ်ဆိုင်းခဲ့ သော်လည်း MNDAA ၊ TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ဒေသခံတိုင်းရင်း သားများအပေါ် အနိုင် ကျင့်ခြင်း၊ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှုယန္တရားကို နှောင့်ယှက်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် အကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လာခဲ့သည်ကိုတွေ့ရှိရသောကြောင့် တပ်မတော် အနေဖြင့် ဖမ်းဆီးခံရသူများ ပြန်လည်လွတ်မြောက်ရေး လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger