www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2019

ခရမ်းချဉ်သီး လှိုင်လှိုင် ထွက်ရှိ လာသောကြောင့် ဈေးနှုန်း လျော့ကျ၍ အရောင်းအဝယ် အေးနေ

ခရမ်းချဉ်သီး လှိုင်လှိုင် ထွက်ရှိ လာသောကြောင့် ဈေးနှုန်း လျော့ကျ၍ အရောင်းအဝယ် အေးနေ
-
လားရှိုး   ဇန်နဝါရီ   ၂
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့သို့ အနယ်နယ်အရပ်ရပ်မှထွက်ရှိသည့် ခရမ်းချဉ်သီးများအား သယ်ယူ ရောင်းချ လျက်ရှိရာ  ယခုအခါ ခရမ်းချဉ်သီးလှိုင်လှိုင်ထွက်ရှိလာသောကြောင့်  ဈေးလျော့ကျပြီး  အရောင်းအဝယ်အေးလျက် ရှိကြောင်း လားရှိုးမြို့  ရပ်ကွက်(၂)တွင် ဟင်းသီးဟင်းရွက် လက်လီလက်ကား အရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။
-
''လားရှိုးကို အဓိကယူရောင်းတာက မုံရွာ ဘက်ကထွက်တဲ့အသီးတွေများတယ်။ ပြီးခဲ့တဲ့လတွေတုန်းကတော့ ဈေး ကောင်း ရပါတယ်။ အခုတော့ အခြားဒေသတွေက ထွက်တဲ့ အသီးတွေပါ ဝင်ရောက်လာလို့ဈေးလည်းထိုးကျ သွားတယ်။ ဒီမှာဈေးကျတော့ ဝယ်တဲ့နေရာ မှာလည်း ဈေးကတော့ လျော့ပါတယ်။ ကျွန်မတို့က ဟိုမှာလည်း အဝယ်ဒိုင်ဖွင့်ပြီးဝယ်တယ်။ လားရှိုးမှာတော့ လက်လီလက်ကားပြန်ရောင်း တာဆိုတော့ အရှုံးတော့သိပ်မရှိပါဘူး။  အရောင်းအဝယ်အေးနေတာပဲ ရှိပါတယ် ''ဟု   ဟင်းသီးဟင်းရွက် လက်လီလက်ကား အရောင်းအဝယ်ပြုလုပ်သူ တစ်ဦးကပြောသည်။ 
-
လားရှိုးမြို့သို့   မုံရွာ၊ ခင်ဦး၊  ကသာ၊  ကျောက်ဆည်နှင့်  ကျောက်မဲမြို့နယ်တို့မှ ထွက်ရှိသည့်  ခရမ်းချဉ်သီးများကို သယ်ယူ ရောင်းချ လျက်ရှိရာ အောက်တိုဘာလမှ ဒီဇင် ဘာလလယ်အထိ ခရမ်းချဉ်သီး  အချိန်၂ဝ ပါသေတ္တာတစ်လုံးလျှင် ငွေကျပ် ၂ဝဝဝဝ ကျော်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုအခါ  ငွေကျပ် ၁ဝဝဝဝ ကျော်သာရရှိကြောင်း၊  ခရမ်းချဉ်သီး လှိုင်လှိုင် ထွက်ရှိသဖြင့် ဈေးနှုန်းများလည်းသိသာစွာလျော့ကျသွားကာ အရောင်းအဝယ် အေးသွားကြောင်း သိရသည်။
-

#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger