www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 17, 2019

ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ၌ ၂၄ နာရီ လျှပ်စစ်မီး ရရှိ

ပွင့်ဖြူမြို့နယ် မင်းရွာကျေးရွာ၌ ၂၄ နာရီ လျှပ်စစ်မီး ရရှိ
-
ပွင့်ဖြူ  ဇန်နဝါရီ  ၁၆ 
-
မကွေးတိုင်းဒေသကြီး ဥယျာဉ်ကျစ်ကျေးရွာ အုပ်စု  မင်းရွာကျေးရွာ၌ ဒေသခံ ကျေးလက်နေ ပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုနိုင်ရေး ဆောင်ရွက်ပြီးစီးသည့် ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။ 
-
ကျေးရွာလျှပ်စစ်မီးလင်းရေး ဖွင့်ပွဲဆိုင်းဘုတ်ကို  မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်းက ကျေးရွာ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများနှင့် မှုခင်းဖြစ်ပွားမှု လျော့နည်းရေးဆိုင်ရာ လုပ်ငန်းများကို   ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 
-
ထို့နောက် တိုင်းဒေသကြီး ဒုတိယလျှပ်စစ် အင်ဂျင်နီယာချုပ် ဦးထောင်ဇိုခိုင်က ကျေးလက်နေပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းဝေးရေး လျှပ်စစ်မီး အသုံးပြုရာတွင် ရှောင်ကြဉ်ရမည့် နည်းစနစ်များကို ရှင်းလင်းပြောကြားပြီး မင်းရွာကျေးရွာ ကျေးလက်နေပြည်သူများ ၂၄ နာရီ လျှပ်စစ်မီး အသုံးပြုခွင့်ရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမှုအပေါ် ဒေသခံရပ်မိရပ်ဖများ ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး  ဦးသိန်းဝေက ကျေးဇူးတင်စကား   ပြန်လည်ပြောကြားသည်။ 
-
ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ကျေးရွာအုပ်စု မင်းရွာကျေးရွာ၌ အိမ်ခြေ ၂၂ဝ၊ လူဦးရေ ၈၅ဝ  ခန့်ရှိပြီး   ကျေးရွာနေပြည်သူများ လျှပ်စစ်မီး အသုံးပြုနိုင်ရေးအတွက် ၂ဝ၁၇- ၂ဝ၁၈ ခုနှစ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၁၁ ကေဗွီ ဓာတ်အားလိုင်း သုည ဒသမ ၅ မိုင် နှင့် ၂ဝဝ ကေဗွီအေ ထရန်စဖော်မာတစ်လုံး ထောက်ပံ့ပေးခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ကျေးရွာ၌  တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ၂၄ နာရီ  လျှပ်စစ်မီး တပ်ဆင်ဆောင်ရွက်ြ ပီးစီးသွားပြီဖြစ်သဖြင့် ဒေသ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger