www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ပြုလုပ်

(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ပြုလုပ်
-
နေပြည်တော် ဇန်နဝါရီ ၆ 
-
(၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ (၁၉)ရပ်ကွက် ပကူးသာသနာ ခရစ်ယာန်ကျောင်း ဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊   မြို့မိမြို့ဖများ၊   ဒေသခံ ကရင်တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 
-
ဦးစွာ (၈၁)ကြိမ်မြောက် ကရင်နှစ်သစ်ကူး ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့်  တိုင်းရင်း သားလူမျိုးများရေးရာ ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီးက ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းဒေသကြီး၊ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီနာယက ဆရာတော် ဘဒ္ဒန္တကုသလက နှစ်သစ်ကူးသြဝါဒစကား မိန့်ကြားသည်။  
-
ထို့နောက်  တိုင်းမှူးနှင့် မြို့မိမြို့ဖများ၊ ကရင်တိုင်းရင်းသား ခေါင်းဆောင်များက နှစ်သစ်ကူး နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားသည်။ ယင်းနောက် တာဝန်ရှိသူတစ်ဦးက ကေအင်န်ယူ ကရင်အမျိုးသား အစည်းအရုံးမှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger