www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ပြုလုပ်

တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော် ပြုလုပ်
-
နေပြည်တော်   ဇန်နဝါရီ  ၆ 
-
ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် သာယာကုန်းရွာ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ   ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက ကရင်အမျိုးသား နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက အမှာစကားများနှင့် သဝဏ်လွှာဖတ်ကြားခြင်းများ ဆောင်ရွက်ကြ သည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ကရင်ဒုံးယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger