www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2019

နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများနှင့် အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိ

-
ရန်ကုန်  ဇန်နဝါရီ  ၂ 
-
ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂ ရက်အထိ ကျင်းပခဲ့သည့် နှစ်သစ်ကူးအကြိုည တရားဒေသနာတော်များ ရွတ်ဖတ် ဆုတောင်းပွဲနှင့် ဝိပဿနာရှုမှတ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  သူရဦးအောင်ကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်ယနေ့ညနေပိုင်းတွင်  ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။ အဆိုပါအဖွဲ့အား သာသနာရေး ဦးစီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေး ဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်တို့မှ  တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆိုကြကြောင်း သိရသည်။                
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger